မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်တို့ရှိ စစ်ကောင်စီ တပ်ရင်း တချို့ကို AA သိမ်းပိုက်ထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်းများဖြစ်ကြသည့် မြောက် ဦး ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်တို့က စစ်ကောင်စီ တပ်ရင်း တချို့ ကို AA က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ် ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် ၃၇၇၊ ၃၇၈ နှင့် ၅၄၀၊ မင်းပြားအခြေစိုက် ၃၇၉၊ ၃၈၀နှင့် ၅၄၁၊ ကျောက် တော်အခြေစိုက် တပ် ရင်း ၃၇၄၊ ၃၇၅နှင့် ၃၇၆ တို့အပါအဝင် ရသေ့တောင်အခြေစိုက် ၅၃၆၊ ၅၃၇နှင့် ၅၃၈ တပ်ရင်းတို့ကို AA က တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန် နေကြောင်း သိရှိရသည်။

AA က အဆိုပါ တပ်ရင်းများမှ တချို့ကို သိမ်းရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန် ပြောဆို သော်လည်း မည်သည့် တပ်ရင်းများကို သိမ်းပိုက်ရရှိထားသည့်ကိုမူ ဖော်ထားမရှိဘဲ လက်နက်ချအညံ့မခံသေးဘဲ စစ်ကောင်စီတပ်များကို ဆက် လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့က သတင်း ထုတ် ပြန် သည်။

အဆိုပါ တပ်ရင်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရာမှ တိုက်ပွဲ များ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ၎င်းတို့၏ တပ်ရင်းများ မကျ စေရေး လေကြောင်း အပါအဝင် တင်ရင်းများက အပြင်း အထန် ခုခံတိုက် ခိုက်နေကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ကျေးရွာ အနီးရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ တပ်စခန်း နှစ်ခုကို AA က ပြီးခဲ့သည့် ရက်များအတွင်း အပြီးသတ် သိမ်းပိုက်ရယူထားပြီး ဖြစ် ကြောင်း သိရသည်။

မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့ နယ်များ၌ တိုက်ပွဲများ မရပ်မနား ဆက်လက်ရှိနေခဲ့ပြီး အချို့မြို့များတွင် တိုက်ပွဲများ ပြင်းထန်နေခဲ့ကာ အမ်းမြိုအတွင်း၌လည်း စစ်ကောင်စီ၏ လေ ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိကြောင်း သိရသည်။

တိုက်ပွဲ ပြင်းထန်မှုကြောင့် ရခိုင်ပြည်ကို ဖုန်းလိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ရေလမ်း၊ ကုန်လမ်းများကို ပိတ်ဆို့ထားကာ စစ်ကောင်စီ တပ်က အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လာနေကြောင်း လူ့အခွင့် အရေး လှုပ်ရှားသူများနှင့် ရခိုင်ဒေသခံများက ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top