နေပြည်တော်ကို မကြာခင် စစ်ရေးဖော်ဆောင်မယ်လို့ နေပြည်တော် PDFဆို

နေပြည်တော်ဟာ စစ်ကောင်စီတပ်​ နောက်ဆုံး အခြေစိုက်စခန်းများတည်ရှိရာ မြို့ဖြစ်ပြီးမကြာခင် စစ်ရေးဖော်ဆောင်မယ်လို့ နေပြည်တော် PDF မြို့တော်ကို ပြောပါတယ်။

လက်ရှိအချိန်မှာ နေပြည်တော် PDF အနေနဲ့ ထိန်းချုပ်စိုးမိုး Mission 804 ကမ်ပိန်းကို လုပ်နေပြီး မကြာခင် နေပြည်တော်ရှိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ရန် လိုအပ်သည်များ ပြင်ဆင်နေပြီဖြစ်ကြောင်း နေပြည်တော် PDFက ပြောသည်။

“ကမ့်ပိန်းက သိန်း ၂ထောင်ဖိုး လုပ်ထားတာပေါ့။နေပြည်တော်ကို တိုက်ခိုက်ဖို့ဆို လက်နက်ခဲယမ်းအများကြီးလိုလို့ပါ။အခုထိကတော့ လျာထားချက်ထက် ရရှိထားတာ နည်းပါသေးတယ်”ဟု နေပြည်တော်PDF 804​၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

နေပြည်တော်သည် စစ်ကောင်စီတပ်​၏ နောက်ဆုံးသော အခြေစိုက်စခန်းများတည်ရှိရာ မြို့ဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိပ်သီးရာထူးယူထားသည် အကြမ်းဖက် ဗိုလ်ချုပ်များ နေထိုင်ရာမြို့လည်းဖြစ်သည်။

လက်ရှိတွင် နေပြည်တော် PDFအနေဖြင့် ထိန်းချုပ်စိုးမိုး Mission 804 ကမ်ပိန်းကို စတင်နေပြီး မကြာခင် နေပြည်တော်ရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top