မန်ဝိန်းကြီးစစ်တပ်စခန်းကို KIA က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦး ရွှေလီမြစ်ဖြတ် ၍ တရုတ်ဘက်ထွက်ပြေး၊ တရုတ်က စစ်ကောင်စီထံ ပြန်အပ်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ တပ်စခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦး တရုတ်နိုင်ငံဘက် အခြမ်း သို့ ထွက်ပြေးသွားကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်နှင့် KIA သတင်း ရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း၊ ထိုသို့ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်များသား ထွက်ပြေးကြပြီး စစ်သား ၂၀၀ ကျော်ကို ဖမ်းဆီးရရှိကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးမှာ ရွှေလီမြစ်ကို ဖြတ် ကျော်ပြီး တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း၊ တရုတ်က စစ်သား ၅၇ ဦးကို လက်ခံပြီး နောက် ယနေ့ နံနက် ၄ နာရီခွဲတွင် စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်ကြောင်း သိရှိရသည်။

“မနေ့က မန်ဝိန်းကြီးစခန်းတွေကနေ ထွက်ပြေးတဲ့ စစ်ခွေးတွေက ရွှေလီမြစ်ကနေ တရုတ် ဘက်ကို ထွက်ပြေးတယ်။ အဲဒါ စစ်ခွေး ၅၇ ယောက်ကိုလည်း တရုတ်စစ်တပ်က ဖမ်းထားပြီး ရွှေလီကိုခေါ်တယ်။ ပြီးတော့ ထမင်းကြွေးအနားယူခိုင်းတယ်။ ဒီနေ့တော့ မနက် ၄ နာရီခွဲမှာ မူဆယ်ဘက်အခြမ်းကို တရုတ်က အဲဒီပြေးလာတဲ့စစ်သား ၅၇ ဦးကို ပြန်ပို့လိုက်ပြီ” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *