တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ၊ အဆိုပါစခန်းတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိပြီး ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်နယ်စပ် နန်တော နဲ့ မန်ဝိန်းကြီးအကြားက စစ်ခွေးတပ်စခန်းကိုလည်း KIA ကသိမ်း ပိုက် ပါတယ်။ အဲဒီစခန်းမှာ လှိုဏ်ခေါင်းတွေလည်းရှိတယ်။ လက်နက်ခဲယမ်းလည်း အများကြီး သိုလှောင်ထားတာ အကုန်သိမ်းဆည်းရရှိတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မန့်ဝိန်းကြီးစခန်းကို KIA၊PDF သိမ်းပိုက်လိုက်တဲ့ရုပ်သံ

ကချင်ပြည်နယ် မန်စီမြို့နယ်မှ မိန့်ဝိန်းကြီးမှာရှိတဲ့ ကောင်းခန်အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF မဟာမိတ်ပူးပေါင်းတပ်တွေကက ဒီကနေ့ မနက်မှာထပ်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရုပ်သံဖြစ်ပါတယ်။

မံဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၂၀၀ ထက်မနည်းဖမ်းဆီးရမိ

ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးမှာရှိတဲ့ ကောင်းခန့်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က အင်အား ၂၀၀ ထက်မနည်း ဖမ်းဆီးရမိတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

အဲဒီ မံဝိန်းကြီး စစ်တပ်စခန်းကို KIA, PDF တပ်ဖွဲ့တွေက ဒီမနက်ဝင်ရောက်သိမ်းပိုက်တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ချို့ လက်နက်ချအညံ့ခံတာတွေအပြင် စခန်းကနေထွက်ပြေးသွားတဲ့သူတွေကို KIA,PDF ဘက်က လမ်းခုလတ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ ဖမ်းဆီးရမိသူတွေတယ်လို့ သိရပြီး စုစုပေါင်း အင်အား ၂၀၀ ထက်မနည်းရှိတယ်လို့လည်း ဆိုပါတယ်။

လက်နက်ချ အညံ့ခံသူတွေအပါအဝင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းအရေးအတွက် အတိအကျကိုတော့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

ပုံ- ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top