တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ လိုက်လံပစ်ခတ် (ရုပ်/သံ)

ရေးမြို့နယ်ရှိ ကလော့ကြီးကျေးရွာကို လာတဲ့ ၃၁၆ အမြောက်တပ်ရဲ့ တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ လိုက်လံပစ်ခတ် (ရုပ်/သံ)
+++++++++++++++++
ဇန်ဝါရီ ၂၃ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကလော့ကြီးကျေးရွာသို့ လာတဲ့ စစ်ကောင်စီတပ်ရဲ့ ၃၁၆ အမြောက် တပ်ရဲ့ တပ်ရင်းမှူးစီးလာတဲ့ ကားကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက် ၈နာရီခွဲအချိန်မှာ ကလော့ကြီးကျေးရွာသို့ တပ်ရင်းမှူး ဝင်ရောက်လာတဲ့အကြောင်း သတင်းကြိုတင်ရရှိထားတဲ့အတွက် စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလမ်းကြောင်းပေါ် တက်လာမယ်ဆိုတာကို အပိုင်သိထားပါတယ်၊ ရွာထဲမှာ သွားလာတဲ့အပိုင်းကို ချိန်ရတာတွေကြောင့် ထိချက်ကတော့ သိပ်မကောင်းသွားဘူးဗျ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းမှူးဟာ ကလော့ကြီးကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမဖြစ်သူ ၎င်းရဲ့ ဇနီးကို ကျောင်းသို့လိုက်ပို့ရင်း အပြန်လမ်းမှာ ခုလိုပစ်ခတ်ခံရ တာဖြစ်ပါတယ်။

“ကားကတော့ မရပ်သွားဘူး၊ မောင်းပြေးသွားတယ်၊ ဒဏ်ရာကတော့ အပြင်းအထန်ရသွား ပါတယ်၊ ခုတော့ရေးဆေးရုံမှာ တင်ထားရတယ်၊ ဘယ်အချိန်သေမလဲတော့ မသိဘူး၊ ဆေးရုံမှာ လက်တစ်ဖက်ဖြတ်ရမယ်ကြားပါတယ်” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

ရေးဘီလူးအဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၀၆) ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ စစ်သား ၄ဦးသေဆုံးသွားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *