မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသည့် ရဲကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁၀ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသည့် ရဲကား ၂ စီးကို ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ရဲ ၁၀ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ် ရင်းမှ တပ်ရင်းမှူးကပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က မုံရွာမြို့၊ စက်မှုဇုန်၊ ဗိုလ်တေဇ လမ်း၊ ကြယ်စင်မင်း ဆီဆိုင်အနီးတွင် ရဲ ၈ ဦးစီးနင်းလိုက်ပါ လာသည့် Alphard ကားတစ်စီးနှင့် ရဲ ၅ ဦးစီးနင်းလိုက်ပါ လာသည့် Parado ကား စုစုပေါင်း ကား နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လှည်ကင်းကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရဲ ၁၀ ဦးသေတယ်၊ လက် နက် ကောက်မယ့်အချိန် မှာ ပတ်ကင်းကားတွေထပ်ရောက်လာလို့ ကောက် ချိန်မရလိုက်ဘူး၊ အဲဒီပတ်ကင်းကားတွေနဲ့ အပြန် အလှန်ပစ်ခတ်မှု ၅ မိနစ် လောက် ထပ်ဖြစ်ခဲ့ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ တပ်ရင်းမှူး က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၃ အမဲလိုက်သိန်းငှက်တပ် ရင်းနှင့် မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ ယခင်မစ်ရှင်များတွင် တိုက်ခိုက်နေသည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *