သုံးပိုင်းကျိုး Y8 ထောက်ပို့လေယာဉ် (ရုပ်/သံ)

အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှု လေယာဉ်အမှုထမ်း မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး ဒဏ် ရာရ (ရုပ်/သံ)

အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ်သည် ယနေ့ နံနက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ် တွင် လမ်းချော်သွားကြောင်း အိန္ဒိယ အခြေစိုက် The Lairam Times က သတင်း ဖော်ပြ သည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်သို့ အိန္ဒိယစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန် ဆင်း သက်သည့် မြန်မာစစ်လေယာဉ်တွင် စုစု ပေါင်း ပိုင်းလော့ အပါအဝင်

လေယာဉ် အမှုထမ်း လေတပ် တပ်ဖွဲ့ဝင် ၁၄ ဦး လိုက်ပါကြောင်း၊ စစ် လေယာဉ် ပြေးလမ်း ချော်မှု ကြောင့် လေယာဉ် အမှုထမ်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၆ ဦးမှာ ဘေးကင်း ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂၇၆ ဦး အိန္ဒိယသို့ ထွက် ပြေးသွားသည့် အတွက် ယမန်နေ့ တွင် ၁၈၄ ဦးကို မြန်မာစစ်တပ်က လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး

ယနေ့တွင် ကျန်ရှိနေသော စစ်သား ၉၂ ဦးကို ပြန်လည်ခေါ်ဆောင်ရန် သွားရောက်စဉ် စစ်လေယာဉ် ပြေးလမ်း ချော်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top