MOGE ၏ ဂတ်စ်ပိုက်လိုင်းနှင့် သောင်ကြီး ရဲစခန်းအနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ် နေရာကို ဖောက်ခွဲ တိုက် ခိုက်

လှိုင်သာယာရှိ စစ်ကောင်စီ လက်အောက်ခံ MOGE ၏ ဂတ်စ်ပိုက်လိုင်းနှင့် သောင်ကြီး ရဲစခန်းအနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ် နေရာကို ဖောက်ခွဲ တိုက် ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံ နှင့် သဘာဓာတ်ငွေ့လုပ်ငန်း MOGE ဂတ်စ်ပိုက်လိုင်းကို စီးပွားရေးပစ်မှတ် အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သောင်ကြီးရဲစခန်းအနီး စစ်တပ်စစ်ဆေးရေး ဂိတ် နေရာကိုလည်း ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း၊ မြောက်ပိုင်း ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ ည ၇ နာရီ ၅၆ မိနစ်အချိန်တွင် လှိုင်သာယာ အရှေ့ပိုင်း မြို့နယ် ငါးမန်းတံတားအနီးရှိ MOGE ဂတ်စ်ပိုက်လိုင်းကို စီးပွားရေးပစ်မှတ် အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လှိုင်သာယာ အနောက်ပိုင်း မြို့နယ် သောင်ကြီးရဲစခန်းအနီး အကြမ်းဖက်စစ်သားများ ပုံမှန်အစစ် အဆေး လုပ်တတ်သည့် နေရာကိုလည်း ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်နှင့် ည ၉ နာရီ ၂ မိနစ်အချိန်များတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ဘုရင့်နောင်တံတားအဆင်း အကြမ်း ဖက်စစ်သားများ အစစ်အဆေးလုပ်တတ်သည့်နေရာကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ပြည်သူ တစ်ဦးက ချထားသည့် မိုင်းကို ကောက်ယူ သည့် အတွက် ပြည်သူထိခိုက်မည်စိုး၍ Mission ဖျက်သိမ်းလိုက်ရကြောင်း ၊ ပြည်သူများအနေနှင့် မသက်ဆိုင်သည့် ပစ္စည်းများကို ကောက်ယူ ကိုင်တွယ် ခြင်း မပြုကြရန်နှင့် အကြမ်းဖက်စစ်သားများ၊ ၎င်းတို့၏ ဒေါက်တိုင်များ၊ အထိုင် ကင်းများရှိရာ နေရာများနှင့် ဝေးရာတွင် နေထိုင်ကြရန် အသိပေးတိုက် တွန်း ထား သည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကားများကို စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *