နမ့်ဖက်ကာ စကခ (၁၇) ခလရ (၁၂၃)အား KIAမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

နမ့်ဖက်ကာ စကခ (၁၇) ခလရ (၁၂၃)အား KIAမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်။

နမ့်ဖက်ကာ- ၂၄ ဇန်နဝါရီ ၂၀၂၄။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအခြေစိုက် စကခ(၁၇) လက်အောက် တပ်မ အထိုင် တပ်ရင်းစခန်း ခလရ (၁၂၃)အား ကချင်လွတ်လပ်ရေးတပ်မတော် KIAမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့ညနေ (၄)ခွဲခန့်အချိန်တွင် နမ့်ဖက်ကာရှိ စကခ(၁၇) လက်အောက် (၁၂၃)တပ်စခန်းအား KIA တပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ထွက်ပြေးသွားသော စကစ စစ်သားများအား လိုက်လံပစ်ခတ် ရှင်းလင်းနေကြောင်း သိရသည်။

“ညနေ (၄)နာရီခွဲမှာ စခန်းတစ်ခုလုံးကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ စကစ စစ်သားတွေကို လိုက်လံ ရှင်းလင်းပစ်ခတ်နေပါတယ်။ စကစကလဲ လေယာဉ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။”ဟု နမ့်ဖက်ကာရှိ KIA မြေပြင် သတင်းရင်းမြစ်တစ်ဦးမှ 7 Stars News ဆက်သွယ် သတင်းပေးပို့သည်။

စစ်ကောင်စီဘက်မှ Y8၊ Y 12 စသည့် တိုက်လေယာဉ်များဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေဆဲဖြစ်ပြီး KIAဘက်မှလည်း ထွက်ပြေးလွတ်မြောက်နေသော စကစ စစ်သားများအား လိုက်လံပစ်ခတ်နေကာ ခလရ(၁၂၃)တပ်စခန်းအား ရှင်းလင်းနေကြောင်း သိရသည်။

နမ့်ဖက်ကာ အခြေစိုက်တပ်စခန်း ခလရ(၁၂၃)အပါအဝင် ၎င်း​၏ ကာရံ ကင်းတပ်များဖြစ်သော တပ်စခန်း (၇)ခုအား KIAမှ (၂၇)ရက်အကြာတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *