ဆားလင်းကြီးတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ
မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှထွက်လာပြီး ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော အင်အား ၈၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၇ဦးထက်မနည်းသေဆုံးသွားကြောင်း ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း) ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်ကပြောသည်။
ထိုစစ်ကြောင်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကြောင်းမှ ဆားလင်းကြီးနယ်သို့ စတင်ကူးသန်းလာခြင်းဖြစ်သည်။ ထို့နောက် ဆားလင်းကြီးနယ်မှတဆင့် ဆက်လက်စစ်ကြောင်းထိုးရာ ပုလဲ၊ယင်းမာပင်၊ဆားလင်းကြီး သုံးမြို့နယ် အစပ်ရှိ လက်တောင်းငယ်ကျေးရွာအနီး၌ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်ကတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
” စစ်ေ-စစ်ကြောင်းက နားနေတာ။ အဲ့ဒါကို အီနာဂါနဲ့ ပစ်ပြီး ဝရုန်းသုန်းကားဖြစ်နေချိန်မှာ လေးဘက် လေးတန်ကနေ ဝိုင်းပစ်တာ။ကျတော်တို့ ဗျူဟာကောင်းသွားတယ် ပြောရမယ်” ဟု ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း) ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်ကပြောသည်။
ထိုကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဇန်နဝါရီလ ၁၉ရက်တွင် ဝင်ရောက်လာခြင်းဖြစ်သည်။
ခရိုင်ရင်း၏ ကွပ်ကဲမှုဖြင့်စစ်ဆင်ရေးဗျူဟာကို သေချာပြင်ဆင်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဟု ULFက ဆိုသည်။ တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခန့်ကြာမြင့်ခဲ့သည်ဟု ကိုဂျော်ဒန်ကပြောသည်
” ၁၇ ယောက်သေတယ်။ ဒဏ်ရာရတာတွေများတယ်။ ၃၀ လောက်ပဲ အကောင်းကျန်တယ်။ သူတို့ အလောင်းတွေ ပြန်ဆွဲပေမယ့်ကျန်ခဲ့တာတွေကျွန်တော်တို့ရလိုက်တယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်” ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
တိုက်ပွဲအတွင်း MA-3 တစ်လက်၊ RPG အဖူး ၄ ဖူး၊ 60 အဖူး ၄ ဖူး၊ 40 မမ ဗုန်းသီး ၁၅ လုံး၊ 5.56 ကျည် အတောင့် ၂၀၀၀ကျော် နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းULF ကအသိပေးသည်။
တိုက်ပွဲတွင်ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော် ငါးဦးလည်း လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။
တိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်းသို့ဝင်ရောက်သွားကြောင်းသိရသည်။
တိုက်ပွဲပြန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း ဒေသခံအချို့ကပြောသည်။
စစ်ကိုင်းတိုင်း၊ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ်အစပ် လက်တောင်းငယ်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်ဝင်တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့သည့်တိုက်ပွဲမှပြန်လာသော PDFများကိုဒေသခံများက သပြေပန်းများဖြင့်ကြိုဆို ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှစ၍ ယင်းမာပင်မြို့နယ်၊လက်တောင်းငယ်ရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ပါစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄ နာရီကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၇ ဦးသေဆုံးကာ ၊MA-3 ၁လက်၊RPG အဖူး ၄ ဖူး၊၆၀ မမ အဖူး ၄ ဖူး၊၄၀ မမ ဗုံးသီး ၁၅ လုံး၊၅.၅၆ကျည် ၂၀၀၀ကျော် နှင့်ခဲယမ်းပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှစစ်သား ၁၇ ဦးသေဆုံးတဲ့အပြင် ဒဏ်ရာရသူများပြားပြီး မဟာမိတ်PDFတပ်ပေါင်းစုဘက် ရဲဘော် ၅ ဦး လည်းမစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့နောက်တိုက်ပွဲအပြီး နေရပ်သို့ပြန်ချိန်တွင် လမ်းတလျှောက်ရှိဒေသခံများမှ သပြေပန်းဖြင့်ကြိုဆိုသလို ဂုဏ်ပြုငွေများချီးမြှင့်နေသည်ကိုလည်း ရုပ်သံထဲတွင် မြင်တွေ့ရသည်။
အဆိုပါတိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေး၏ လမ်းညွှန်မှုဖြင့် ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊တပ်ရင်း၊တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Leave a Reply