ပြည်သူကိုဒုက္ခပေးနေတဲ့ခဝေးဗိုလ်ငရဲပို့

ပေါင်းတည်တွင် ရွာစဉ်လှည့်လည် မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၆ ဦးသေ ဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ရွာစဉ်လှည့်လည် မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် ပေါင်းတည်မြို့နယ်၊ တောင် ခမောက် ကျေးရွာနှင့် ကိုင်းကွင်းကျေးရွာအကြား ရွာစဉ်လှည့်လည်မီးရှို့ ဖျက်ဆီး နေ သော အင်အား ၇၀ ဦးပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်များက မိုင်း ၅ ကြိမ်ဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကပစ ၁၉ တပ်မှ ဗိုလ်နေလင်းအောင်၊ အရာရှိ ၃ ဦး၊ အခြားအဆင့် ၂ ဦး စုစုပေါင်း စစ်သား ၆ ဦးသေဆုံး ကြောင်း၊ စစ်သား ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးသွားသော စစ်သား အလောင်း ၆ လောင်း နှင့်ဒဏ်ရာရရှိသူများကို ဝဲကြီးဆည် ရေလမ်းကြောင်းမှတစ်ဆင့် ပေါင်းတည်မြို့သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်၏ မိုင်းဆွဲခံရမှုကြောင့် အထိနာသွားသော စစ်တပ်က မိုင်းဆွဲ ခံရသည့် နေရာအနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီး ကြောင်း၊ ယင်းနောက် နေအိမ်ပိုင်ရှင် ပြည်သူ ကိုမိုးကြီးကိုလည်း စစ်တပ်က နေရာတွင်ပင် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်ထားသော အရပ်သားပြည်သူ ကိုမိုးကြီး၏ ရုပ်အလောင်းနှင့် မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *