လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ၁၀ နာရီကျော်အချိန်၌ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပင်လုံစျေးအုပ်ချုပ်ရေးမှူး ထွန်းမောင်ဆိုသူ အရိုက်ခံရကြောင်း ဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။
ပင်လုံစျေးအုပ်ကြီး ထွန်းမောင် မီးခွက်စျေးလမ်းတွင် အရိုက်ခံရတယ်၊၊ အခု လှိုင်သာယာဆေးရုံရောက်နေတယ်၊၊
ရိုက်တဲ့သူက ဘယ်သူလဲတော့ မသိသေးဘူး၊၊ အဲ့အုပ်ကြီး ထွန်းမောင်ကို အသေရိုက်လိုက်ရမှာ အခုက မသေသေးဘူးတဲ့ဗျာ။ သူ့အိမ်က မိသားစုဝင်တွေတော့ ဆေးရုံကို လိုက်သွားကြလို သိရတယ်ဟု ပြောပြလာပါသည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်စုံစမ်းဖော်ပြသွားပါသည်။
Leave a Reply