နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

နမ့်ဖတ်ကာရှိ ခလရ ၁၂၃ တပ်ရင်းစခန်းကြီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ အထိုင်စခန်း ချထားတဲ့ စစ်ကောင်စီ ခလရ ၁၂၃ တပ်ရင်းစခန်းကြီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မနေ့ ဇန်နဝါရီ ၂၄ ရက် ညနေ ၄ နာရီခန့်က ထပ်မံ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ‌KIA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“နမ့်ဖတ်ကာ စစ်ကောင်စီ စခန်းကြီးကို မနေ့ ဇန်နဝါရီ ၂၄ ရက် ညနေက အကုန်အစင် သိမ်းလိုက်ပြီ” လို့ ‌KIA ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီတပ်ရင်းစခန်းကြီးဟာ နမ့်ဖတ်ကာအခြေစိုက် စကခ ၁၇ လက်အောက် တပ်မအထိုင် တပ်ရင်းစခန်း ခလရ ၁၂၃ ဖြစ်တယ်လို့ ဆိုပါတယ်။

“နမ့်ဖတ်ကာ တပ်ရင်းစခန်းကြီး သိမ်းနိုင်တာ မှန်တယ်။ ကျနော်တို့ KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေ ပါတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ နောက်တစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီဘက်မှ တပ်စခန်း မကျရှုံးရေးအတွက် Y-8, Y-12 တိုက်ခိုက်ရေး လေယာဉ်နဲ့ ဗုံးကြဲ ပစ်ကူခဲ့ပြီး KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို မနေ့ည ၇ နာရီဝန်းကျင်အထိ လိုက်လံ ပစ်ခတ်ရှင်းလင်းနေတယ်လို့ သူက ပြောပါတယ်။

နမ့်ဖတ်ကာမှာ အခြေစိုက်တပ်ရင်းစခန်း ခလရ ၁၂၃ အပါအဝင် အဲဒီတပ်ရင်းစခန်းကို အကာအကွယ်ပေးတဲ့ ကာကင်း တပ်စခန်း ၇ ခုရှိပြီး ဧက ၉၀ ဝန်းကျင် ကျယ်ဝန်းကာ ရဟတ်ယာဉ်ကွင်း ၂ ခု ရှိတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာ စစ်ကောင်စီ ရဲစခန်းနဲ့ ခလရ ၄၅ ရှေ့တန်းစခန်းအပါအဝင် ခလရ ၁၂၃ တပ်ရင်းစခနိးကို အကာအကွယ်ပေးတဲ့ စစ်ကောင်စီ စခန်းငယ်တချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ ကြိမ် သိမ်းပိုက်ထားတာဖြစ်ပြီး တိုက်ပွဲ ၂၇ ရက်‌အကြာမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။

အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ တစ်လကျော်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့ အပြီးသတ်သိမ်းယူနိုင်တာဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက KNG ကို ခုလိုပြောပါတယ်။

“နမ့်ဖတ်ကာအထိုင်တပ်စခန်းကို ဒီညနေ ၃ နာရီနဲ့ ၄ နာရီဝန်းကျင်မှာ သိမ်းလိုက်နိုင်ပြီဆိုတဲ့အကြောင်း သတင်းရရှိထားပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသေးတာကြောင့် အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းသိမ်းပိုက်ထားနိုင်ပြီဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သတင်းထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ မှိုင်းထောင်ထားတဲ့အခြေနေကြောင့် KIA ဘက်က ခနတပ်ဆုတ်ခဲ့ရတာလို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း လာပစ်ကူတဲ့ စစ်တပ်ရဲ့တိုက်လေယာဉ်တစ်စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်တိုက်ပြင်းထန်ခဲ့ရာကနေ ဒီကနေ့ အပြီးသတ်သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာတိုက်ပွဲ တစ်လအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် အရပ်သားပြည်သူ ၁၀ ထက်မနည်းလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်

ကွတ်ခိုင်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ လားရှိုး-မူဆယ်လမ်းပေါ် ရှိ နမ့်ဖတ်ကာရွာ၌ အခြေစိုက်ထားသည့် ထိုတပ်ရင်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ၏ အမှတ် ၁၂၃ ခြေလျင်တပ်ရင်း (ခလ ၁၂၃) ကို ယမန်နေ့ (ဇန်နဝါရီ ၂၅) တွင် ချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ကွတ်ခိုင်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ လားရှိုး-မူဆယ်လမ်းပေါ်ရှိ နမ့်ဖတ်ကာရွာ၌ အခြေစိုက်ထားသည့် ထိုတပ်ရင်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“အောက်ခြေအချက်အလက်တွေကတော့ ဘာမှ ကျွန်တော်တို့လည်း မရသေးဘူး။ ဖုန်းအဆက်သွယ်တွေလည်း မရသေးဘူး။ ရပြီဆိုတဲ့သတင်းပဲ အကြောင်းကြားလာတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောသည်။

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး စသည့် မြို့များနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အခရာကျသည့် ကွတ်ခိုင်မြို့ကို “၁၀၂၇” စစ်ဆင်ရေးအတွင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က သိမ်းပိုက်ထားပြီးဖြစ်သည်။

တရုတ်အစိုးရ၏ ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယာယီအပစ်ရပ်ရန် သဘောတူပြီးနောက် တိုက်ပွဲများ လျော့နည်းသွားချိန်တွင် ခလရ ၁၂၃ ကို KIA က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်တွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နမ့်ဖတ်ကာရှိ လက်ကျန်အခြေစိုက်တပ်ရင်း မဆုံးရှုံးစေရေး စစ်ကောင်စီက လက်နက်ကြီးပစ်ကူသာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တစ်လနီးပါးအကြာတွင် လက်လွတ်ဆုံးရှုံးလိုက်ရသည်။

ထိုတပ်ရင်းကို စီးနင်းတိုက်ခိုက်နေစဉ် ဗုံးလာကြဲသည့် စစ်တပ်တိုက်လေယာဉ်တစ်စီးကို KIA က ဇန်နဝါရီ ၁၆ တွင် ပစ်ချနိုင်ခဲ့သည်။ ခလရ ၁၂၃ အနီး တိုက်လေယာဉ်ပျက်ကျစဉ် လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့သည်။

ပစ်ချခံရသည့် လေယာဉ်သည် တရုတ်ထုတ် FTC 2000G အမျိုးအစား တိုက်လေယာဉ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းမှ စစ်ကောင်စီလေတပ်တွင် စတင်အသုံးပြုခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်မှာ ယခုနှစ်ဆန်းပိုင်းအတွင်း KIA က ပစ်ချလိုက်သည့် ဒုတိယမြောက် စစ်တပ်လေယာဉ် ဖြစ်သည်။ ဇန်နဝါရီ ၃ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့သည်။​

ယခုသီတင်းပတ်အတွင်း ကချင်ပြည်နယ်ရှိ စစ်တပ်ခြေကုပ်စခန်းနှစ်ခုနှင့် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ကို KIA က သိမ်းပိုက်ထားသည်။​

ဇန်နဝါရီ ၂၁ ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်၊ မံဝိန်းကြီးရွာရှိ ခြေမြန်တပ်ရင်း ၄၂၄ လာရောက်အခြေချထားသည့် တပ်စခန်းနှင့် နယ်စပ်ဂိတ်တို့ကို KIA က စီးနင်းသိမ်းပိုက်ခဲ့ကာ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် စစ်သား ၃၀ ကျော်ကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

ထို့အတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ဗျူဟာအရ အရေးပါသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းတပ်များက အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၁ တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ရှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်မျဉ်းအနီးရှိ မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ရေး KIA က ဆက်လက် တိုက်ခိုက်နေပြီး နှစ်ဖက်လက်နက်ကိုင်များအကြား တိုက်ပွဲပြင်းထန်နေသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီ ၁၈ နံနက်ပိုင်းမှစ၍ KIA က စတင်းတိုက်ခိုက်နေခြင်းဖြစ်ကာ စစ်တပ်ကလည်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု သိရသော်လည်း ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေ မသိရပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *