မူဆယ် ၁၀၅ မိုင် နှင့်ပလက်၀ဒေသတို့ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း နှင့် ခရစ်ယာန်သာသနာပြုကျောင်းများ အပါအဝင် ပြည်သူများကို ရက္ခိုင့်တပ်တော် စားနပ်ရိက္ခာများ ကူညီထောက်ပံ့

ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝေဒသတို့ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ် ယန်သာသနာပြုကျောင်းများ အပါအဝင် ပြည်သူများကို ရက္ခိုင့်တပ်တော် AAက စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်ကျောင်းများအား ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့တို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြကြောင်း ၊ ရက္ခိုင့်တပ်တော်အနေဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လည်း ဇေယျမင်္ဂလာကျောင်းတိုက် အား ဆန်၊ ဆီ နှင့် ရေသန့် အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝ ကျေးရွာ မှ စစ်ဘေးရှောင်ပြည်သူများအား ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း၊ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ ၂၀၆၅၀၀ ကျပ် နှင့် ဆန် ၇၃ ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း ၁၂၁ စုကို ကူညီခဲ့ကြောင်း သိရှိရသည်။

ရှမ်းမြောက်ဒေသ ၁၀၅ မိုင် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်သာသနာပြုကျောင်းများကို ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)၊ (၁၈) ရက်နေ့များတွင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်ကျောင်းများအား ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့တို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါသည်။

စစ်ပွဲများအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်များကြောင့် အတိဒုက္ခရောက်နေကြသော သူများတွင် ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများလည်းပါဝင်ကြသည်။ ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများထဲမှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ မိမိတို့ တတ်နိုင်သော ကောင်းမှုအလှူများကို ၁၀၅ မိုင်အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် ပြုလုပ်လှူဒါန်းခဲ့ပါသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လည်း ဇေယျမင်္ဂလာကျောင်းတိုက် အား ဆန်၊ ဆီ နှင့် ရေသန့် အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့ပါသည်။

ရက္ခိုင့်တပ်တော်သည် တိုက်ပွဲရှိလျှင် နိုင်အောင်တိုက်မည်။ တိုက်ပွဲမရှိလျှင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူလက်တွဲပြီး မိမိတို့ လှုပ်ရှားရာစစ်ဒေသများ၌ ပြည်သူလူထုများ၏ အားကိုးရာတပ်တော်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူရပ်တည်နေပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားပါမည်။

ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန် နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီပေးခဲ့သည်။ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ (၂၀၆၅၀၀) ကျပ် နှင့် ဆန် (၇၃) ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုအား ယနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့ ၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုရှိပြီး လက်ရှိတွင် မိမိတို့ နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁) စုသာရှိသေးသည်။ ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းနှင့် ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်လျက်ရှိနေကြဆဲဖြစ်သည်။

မိမိတို့အနေဖြင့် စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *