“ဒီသကြားလုံး ၃ လုံး ဘယ်လောက် တန်ပါသလဲ”

“ဒီသကြားလုံး ၃ လုံး ဘယ်လောက် တန်ပါသလဲ”

ဒီနေ့ ကားမောင်းလာတော့

လမ်းမှာ ကိုရင်လေးနှစ်ပါးက ကားကိုတားတယ်

ဒါနဲ့ ကားရပ်ပြီး ကိုရင်တို့ ဘယ်ကြွမလို့လဲမေးတော့

…..ကျောင်းတိုက်ကိုတဲ့

တက်ပါကိုရင်ဆိုပြီး တံခါးဖွင့်ပေးလိုက်တယ်

ကားပေါ်ရောက်တာနဲ့ ဆုတောင်းမေတ္တာပို့တွေရွတ်ပြီး

ဆုတောင်းပေးကြပါတယ်

ကိုရင်လေးတစ်ပါးက

ကျေးဇူးတင်ပါတယ်ဒါကာကြီး

ဆွမ်းစားချိန် ၁၁:၁၅ နာရီမမှီရင်

အရိုက်ခံရလို့ တားဆီးလိုက်တာပါတဲ့

နာရီကြည့်လိုက်တော့ ၁၁:၀၆ နာရီ

ဒါနဲ့ မပူပါနဲ့ကိုရင် မှီပါတယ်

နောက်မကျအောင် စောစောပြန်ပေါ့ကိုရင်ရဆိုတော့

ပြန်လို့မရသေးလို့ပေါ့ဒါကာကြီးရ

ကိုရင်တို့ကျောင်းက ဦးဇင်းတစ်ပါးကို

တစ်ရက်ကို ငါးထောင်ပေးရတယ်

ငါးထောင်မပြည့်ရင် နောက်တစ်ရက်စောင့်တယ်

နောက်ရက်မှာ လိုတဲ့ငွေနဲ့ ငါးထောင်ပေါင်းအပ်ရတယ်

နှစ်ရက်စောင့်လို့မှ နှစ်ရက်စာ တစ်သောင်းမပြည့်ရင်

အရိုက်ခံရတယ် တဲ့

ကျောင်းက ဆရာတော်ကြီးတွေက

ဘာမှမပြောဘူးလားဆိုတော့

ဆရာတော်ကြီးတွေမသိအောင် သိမ်ထဲခေါ်သွားပြီး

ခါးပန်ကြိုးလေးပဲချန် အကုန်ချွတ်ပြီးရိုက်တာ

အရှိုးတွေဖြစ်ပြီး ထိုင်ရင်တောင်နာတယ်တဲ့

ဒါကြောင့် ပိုက်ဆံပြည့်အောင် အလှူလိုက်ခံနေလို့

နောက်ကျနေတာတဲ့

ပြည့်ခဲ့ပြီလား ကိုရင်လို့မေးတော့

မပြည့်ပါဘူး

ဒီနေ့တော့ အရိုက်ခံရမှာပဲ

ဒါကာကြီးဒီပန်းတွေဝယ်ပါလား

ငါးထောင်ပြည့်အောင် လိုတာပဲဖြည့်ပေးလေတဲ့

ဘယ်လောက်ရခဲ့ကြလဲမေးတော့

လှူတဲ့သူနည်းသွားပြီ

အခြားကိုရင်တွေလိုလည်း အတင်းဝင်ပြီး

အလှူလိုက်မခံရဲဘူး အပြောခံရမှာစိုးလို့

ဒီနေ့ ကိုရင်က ၃၁၀၀

ဟိုကိုရင်က ၁၈၀၀ ပဲရခဲ့တယ် တဲ့

စိတ်ပူမနေပါနဲ့

လိုတာကို ဒါကာကြီးဖြည့်ပေးလိုက်မယ်

ပန်းလည်းမယူပါဘူးပြောတော့

အတင်းပဲ ပန်းတွေပေးတယ်

မယူဘူးအတင်းငြင်းလို့ ဒါလေးတော့ယူဆိုပြီး

ဆွမ်းခံရလာတဲ့ သကြားလုံးလေးတွေ ပေးသွားတယ်

ကိုရင်တွေ ကျေနပ်ပျော်ရွှင်ပါစေဆိုပြီး

သကြားလုံးတော့ ယူထားလိုက်ပါတယ်

ဒီလိုတွေ ဖြစ်နေတော့

သာသနာကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မယ့်

ရှင်သာမဏေငယ်လေးတွေ လူထွက်သွားမှာ

စိုးရိမ်စိတ်ဖြစ်မိပြီး ဒီစာကိုရေးဖြစ်လိုက်ပါသည်။

(မြို့နယ်သံဃနာယကအဖွဲ့နဲ့ သွားတွေ့ပြီးအရေးယူ​ပေးဖို့ တရားဝင်စာတင်သွားမှာပါခင်ဗျာ)

~Koko Min (စိတ်ဓာတ်နဲ့မတန်တဲ့စာ)~

#4C_TruthNews


Comments

Leave a Reply

Your email address will not be published. Required fields are marked *