“အကိုရလားတဲ့” လှမ်းမေးတဲ့အသံလေးကြားတော့ရင်ထဲဆို့နင့်နေတယ်

” ဝမ်းနည်းကြောင်း ပိုစ့်တင်ရုံနဲ မထိရောက်ဘူး

vd ခနခနကြည့်လည်း ကိုယ်ဘဲ ရင်ဘတ်အောင့်မှာ

ဒေါ်မာမာအေးပြောသလိုဘဲ profile အမဲချိန်းလည်း

ဘာမှမထူးခြားဘူး ဘာမှမပြောင်းလဲဘူး

ဒါကြောင့် ငါဘာလုပ်ပေးရမလဲဘဲတွေး ရရာနေရာ ကူညီ

မြန်မာဘီယာလေးသောက် မြန်မာပလာဇာတို့လိုနေရာသွား အကယ်ဒမီလေးကြည့် ကျောင်းခိုးတတ် ထွန်းအိန္ဒာဗိုလ်သီချင်းလေး နားထောင် နွဲ့နွဲ့စမ်းအငြိမ့်လေးကြည့်

ခန့်စည်သူ စိုးမြတ်သူဇာ ရဲအောင် ရန်အောင်ပါတဲ့ မြန်မာကားကြည့်နေပြီး သနားလိုက်တာ ပြောနေရင်တော့…….

တစ်ချို့လူတွေဆိုဘယ်နေရာဘာဖြစ်နေလဲကိုစိတ်မဝင်စားတော့ဘူးရယ်

ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦးကို သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အောင်ပွဲခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကို အရှင်ဖမ်းဆီးရရှိချိန်တွင် ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့၊ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း အဖွဲ့YDF ၊ YPDF ၊ CNA ၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ ပူးပေါင်းထားသော မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကို မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းရဲဘော် ၂ ဦးကို သံကြိုးများတုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးများ၏ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှု ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂ ဦး အကြောင်း စုံစမ်းရာ YDF တပ်မှဖြစ်ပြီး ရဲဘော်နှစ်ဦးသည် စမိတ်ကျေးရွာနှင့် ဇီးပြားကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။

“ဒီလောက်ရက်ရက်စက်စက် လုပ်ထားတဲ့ကျေးရွာဗျ။ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးခေါင်းဆောင် ထက်ဝေဦးက ဦးဆောင်ပြီး သတ်တာ။ ဒီလို သတ်ဖြတ်မှုကို ကမ္ဘာကိုလည်း သိစေချင်တယ်” ဟု ဂန့်ဂေါဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *