ဇန်နဝါရီလအတွင်း စစ်တပ် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူးအဆင့် အထိ အရာရှိ ၁၀ ဦး စစ်မြေပြင်တွင် သေဆုံး၊ လက်နက်ချသူနှင့် အရှင်ဖမ်းဆီးခံရသူ ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူး အထိ ၁၁ ဦးရှိ

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးအဆင့်အထိ အရာရှိ ၁၀ ဦး စစ် မြေပြင်တွင် လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၆ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ကောက်ယူထားသော သတင်းအချက်အလက် သိရှိရသည်။

၁။ Mi17 ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့် (အသက် ၄၂-နှစ်)
====================================

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် ဇန်နဝါရီလ ၃ ရက်နေ့ Mi17 ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးလိုက်ပါသော ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ချခဲ့ရာ ရဟတ်ယာဉ် ပျက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးလုံး သေဆုံးသွားခဲ့သည်။

၂။ ဒုဗိုလ်မှူးကြီး အောင်ဇော်လင်း (တပ်ရင်းမှူး)
===========================

ဇန်နဝါရီလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ယုန်လှေးကုန်း ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် မုံရွာခရိုင် တပ်ရင်း-၂၄၊ မြို့နယ် ပကဖ တို့ က ပူးပေါင်းပြီး သီးပင်အိုင် ကျေးရွာ အနောက်ဘက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှ ဒုဗိုလ်မှူးကြီး အောင်ဇော်လင်း (တပ်ရင်းမှူး) သေဆုံးခဲ့သည်။

၃။ ခမရ ၃၈၀ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး
========================

ဇန်နဝါရီလ ၁၃ ရက်နေ့ မင်းပြားမြို့ရှိ စစ်ကောင်စီ ခမရ ၃၇၉ ၊ ခမရ ၃၈၀ ၊ခမရ ၅၄၁ တို့ကို ၂၀၂၄ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ကာ AAက တိုက်ခိုက်ခဲ့ရာ ခမရ ၃၈၀ တပ်ရင်းမှူး နှင့် အရာရှိ (၅)ဦး သေဆုံးခဲ့သည်။

၄။ တိုက်လေယာဉ်မှူး ဗိုလ်မှူး ကျော်သူရ DSA-44 ၊နမ့်စန် လေတပ်စခန်းဌာနချုပ်
=========================================

ဇန်နဝါရီလ ၁၆ ရက်နေ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ FTC 2000G တိုက်လေယာဉ်ကို KIA က ပစ်ချခဲ့ပြီး ယင်းလေယာဉ်သည် နမ့်စန် လေတပ်စခန်းဌာနချုပ်မှ ဖြစ်ကြောင်း၊ လေယာဉ် ပျက်ကျမှုကြောင့် တိုက်လေယာဉ်မှူး (၂)ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူး (၁)ဦးမှာ ဗိုလ်မှူး ကျော်သူရ ဖြစ်ကြောင်း သိရသည်။

၅။ ဗိုလ်မှူး ထူးသက်ပိုင်၊ တပ်ရင်းမှူး ခလရ ၂၇၆ မိုးမိတ်
===============================

ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်တိုက်ပွဲတွင် ဗိုလ်မှူးထူးသက်ပိုင် သေဆုံးခဲ့ပြီး နာရေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ၎င်း၏ ဇာတိဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ နေအိမ်၌ ပြုလုပ်ခဲ့သည်။

၆။ ဗိုလ်မှူး ဇော်ဝင်းလှိုင်၊အမှတ်(၂၁၅) ခြေမြန်တပ်ရင်း ရဲမွန်မြို့
===================================

ဇန်နဝါရီလ ၂၁ ရက်နေ့ ရခိုင် ကျောက်တော် မြို့နယ် တိုက်ပွဲအတွင်း ဗိုလ်မှူးဇော်ဝင်းလှိုင် သေဆုံးသည်။

၇။ ဗိုလ်မှူးချုပ် အေးမင်းနောင် DSA-41 ၊တပ်မမှူး အမှတ်(၄၄)တပ်မ
======================================

ဇန်နဝါရီလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုသည်။

၈။ ဗိုလ်မှူး စိုးလွင်ထွန်း ယာယီတပ်ရင်းမှူး ခမရ(၉)
==============================

ဇန်နဝါရီလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူးစိုးလွင်ထွန်း အပါအဝင် ၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုသည်။

၉။ ဗိုလ်မှူး တိုးဦး ၊လေယာဉ်မှူး ၊ Eurocopter 365 ရဟတ်ယာဉ်
====================================

ဇန်နဝါရီလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး လေယာဉ်မှူး ဗိုလ်မှူးတိုးဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုသည်။

၁၀။ ဗိုလ်မှူး / ဒုဗိုလ်မှူးကြီး ၊ တပ်ရင်းမှူး ၊ ခမရ ၃၇၉ မင်းပြား
===================================

ဇန်နဝါရီ ၂၉ ရက်နေ့က ကျန်ရှိနေသည့် ခမရ ၃၇၉ နှင့် ခမရ(၅၄၁) တို့ကို AA က ဆက်လက်တိုက်ခိုက်ခဲ့ရာ ခမရ ၃၇၉ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံးပြီး (၅၃)ယောက်ကို အရှင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း လက်နက်ချ အညံ့ခံသူ စစ်အရာရှိများနှင့် အရှင်ဖမ်းဆီးခံရသူများတွင်

၁။ ဒုဗိုလ်မှူးကြီး သက်အောင်၊ စစ်ကြောင်းမှူး ( သံဘို တိုက်ပွဲ)
၂။ ဗိုလ်မှူးချုပ် မိုးကျော်သူ (လောက်ကိုင် ဒကစမှူး )
၃။ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် (ယာယီဥက္ကဌ ကိုးကန့်ဒေသ)
၄။ ဗိုလ်မှူးချုပ် သော်ဇင်ဦး တမဟ(၁၆)မှူး
၅။ ဗိုလ်မှူးချုပ် အောင်ဇော်လင်း DSA-41 (စကခ(၁၂)မှူး)
၆။ ဗိုလ်မှူးချုပ် အေးမင်းဦး ၊စကခ(၁၄)မှူး
၇။ ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ တပ်မ(၅၅)မှူး
၈။ ဗိုလ်မှူး တစ်ဦး မြောက်ဦးမြို့နယ် သင်းကျစ်တော်တောင် တိုက်ပွဲ
၉။ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ (တေဇ-၂၃) ၊ စကခ(၁၉)မှူး
၁၀။ ဒု ဗိုလ်မှူးကြီး ညီညီဝင်း၊ ဗျူဟာမှူး ကျောက်တော် စကခ(၉)
၁၁။ ဗိုလ်မှူး ၁ ဦး ၊ ခလရ(၂၇၃) ကံပေါက်-ရေဖြူ အခြေစိုက် တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( DSA အပတ်စဉ် ၄၅ ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် စစ်အခမ်းအနားဖြင့် သဂြိုလ်သည့် မြင်ကွင်း ။ (ပုံအဟောင်း ဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *