မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ရော့ကတ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အလုံး ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၃ ဦး ဒဏ်ရာရရှိပြီး ပျူစောထီးများနေထိုင်သော နေအိမ် ၂ လုံးမီးလောင် ပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို Rocket ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးသီး အလုံး ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ‌ေပျူစောထီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း MPL People’s Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၁၀ နာရီခန့်ကစတင်ပြီး ညနေ ၆ နာရီခန့်အထိ မြိုင်မြို့နယ်၊ ကန်နီပျူရွာကို Rocket လက်နက်ကြီး အလုံး ၇၀ ခန့်၊ ၁၀၀ မမ၊ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီး အလုံးရေ ၁၀၀ ခန့်နှင့် ဒရုန်း ဖြင့် ဗုံသီး အလုံးရေ ၃၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ် ရာရရှိကာ တစ်ဦး သေအံ့ဆဲဆဲဖြစ်နေကြောင်း၊ ထို့အပြင်ပျူကျေးရွာ အတွင်းရှိ နေအိမ် ၂ လုံးမီးလောင်ကာ ၁ လုံး ပြာကျသွားကြောင်း သိရသည်။

“ပျူစောထီး တစ်ဦးကတော့ စိုးရိမ်ရတဲ့အနေအထားပါ၊ သေတော့မသေသေဘူး၊ ကျန်တဲ့ ၂ ဦးက တော့ ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး၊ Rocket နဲ့က နှစ်ပေါင်းဆိုရင် အလုံး ၇၀‌ လောက်ရှိမယ်ဗျ၊ လက် နက်ကြီးနဲ့ကတော့ အလုံး ၁၀၀ ကျော်လောက်ရှိမယ်၊ ဒရုန်းနဲ့ကတော့ မီးလောင်ဗုံးနဲ့ ကွဲသီး ဗုံး အလုံး ၃၀ အထက်မှာပဲရှိတယ်၊ အတိအကျတော့ ပြောမရဘူးဗျ၊ အဖွဲ့တွေက အများကြီးနဲ့ တနေ ကုန်နီးပါး ပစ်နေကြတာဆိုတော့လေ၊ နေရာကလည်း သုံးလေးနေရာလောက်ခွဲပြီး ပစ်ကြတာ” ဟု MPL People’s Defense Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထိုသို့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးကျေးရွာအတွင်းမှ ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်နက်ကြီးဖြင့် ၅ လုံးအထက် ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ပစ်ခတ်ဗုံးကျဲသဖြင့် မီးလောင်သွားသည့် နေအိမ်ကို ဝိုင်းဝန်းငြှိမ်းသတ်နေ ကြရသဖြင့် ပြန်လည် ပစ်ခတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ၊ သိန်းငှက်နီ၊ အညာဒေါင်း၊ Gen_21 ၊ PCM Force၊ ကိုနေမင်းနှင့်အဖွဲ့၊ မောင်ကင်းနှင့်အဖွဲ့၊ ဒေါင်းနီ၊ အမေ့သား၊ ဦးမိုးသီးနှင့် အဖွဲ့၊ ကိုထိရှနှင့်အဖွဲ့၊ ဦး ပြောင်နှင့်အဖွဲ့၊ အညာမုန်တိုင်း၊ MRTF၊ ရွှေဟင်္သာ၊ The Youth Fighter၊ Scarlett၊ ကိုဇင်ကိုနှင့်အဖွဲ့၊ TKGF၊ Myaing Fighter Drone တပ်ဖွဲ့၊ မြိုင်ပကဖ ရင်း ၂ တပ်ခွဲ ၃ ၊ မြိုင်ပကဖ တပ်ရင်း ၃ လှုပ်ရှား တပ်ဖွဲ့၊ SSTFနှင့် အခြားမဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

မြိုင်မြို့နယ်မြောက်ပိုင်း စကစ‌ခြေကုပ်ယူထားသော ကန်နီပျူရွာအား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုစည်း၍ 6.2.2024 နံနက် 10နာရီမှ ညနေ6နာရီထိ တာဝေးပစ် Rocket, 100မမ, 80မမ, 60မမ နှင့် Drone တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။

အဆိုပါတိုက်ပွဲတွင် ပျူရွာမှ နေအိမ်2လုံး မီးစွဲလောင်ခဲ့ပြီး 1လုံး ပြာကြသွားပါသည်။ စခ ပခ ၃ ကောင် ထိခိုက်ဒဏ်ရာရ( ခွေး၁ကောင် သေအံ့ဆဲဆဲ၊ပျူ၂ကောင် ဒဏ်ရာရ) ရှိကြောင်း စုံစမ်းသိရှိရပါသည်။

အဆိုပါတိုက်ပွဲအား ကျွန်ုပ်တို့ MPL တိုက်နယ်၄ပကဖ၊ သိန်းငှက်နီ၊ အညာဒေါင်း၊ Gen_21၊ PCM Force၊ ကိုနေမင်းနှင့်အဖွဲ့၊ မောင်ကင်းနှင့်အဖွဲ့၊ ဒေါင်းနီ၊ အမေ့သား၊ ဦးမိုးသီးနှင့် အဖွဲ့၊ ကိုထိရှနှင့်အဖွဲ့၊ ဦးပြောင်နှင့်အဖွဲ့၊ အညာမုန်တိုင်း၊ MRTF၊ ရွှေဟင်္သာ၊ The Youth Fighter၊ Scarlett၊ ကိုဇင်ကိုနှင့်အဖွဲ့၊ TKGF၊ Myaing Fighter Drone တပ်ဖွဲ့၊ မြိုင်ပကဖ ရင်း(၂) ခွဲ(၃)၊ မြိုင်ပကဖ ရင်း(၃) လှုပ်ရှားတပ်ဖွဲ့၊ SSTFနှင့် အခြားမဟာမိတ်များ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *