မြေနီကုန်း ကုန်းတံတားအောက်၊ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီးကုန်းကုန်းတံတားအောက်၊ ယာဉ်းထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ရန်ကုန် UG တော်လှန်ရေးရဲဘော်တစ်ဦးကပြောဆိုသည်။

“မြေနီကုန်း၊ ကုန်းတံတားအောက်က ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲခဲ့ပါတယ်။ အထိအခိုက်တော့မသိရသေးဘူး။ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာပါ” ဟု တော်လှန်ရေးရဲဘော်က ရှင်းပြသည်။

အဆိုပါ ယာဉ်ထိန်းရဲကင်းတွင် ယာဉ်ထိန်းရဲနှင့် စစ်သားတချို့ လုံခြုံရေးယူလေ့ရှိသော်လည်း ယနေ့ ဗုံးပေါက်ကွဲချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေခြင်း ရှိ၊ မရှိ မသိရသေးပေ။

စမ်းချောင်းမြို့နယ်မှ ပြည်သူများကလည်း ယနေ့ မွန်းလွဲပိုင်း တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

Dark Shadow တပ်ဖွဲနှင့် မဟာမိတ် GOD အဖွဲတို့ကမူ စမ်းချောင်းမြိုနယ်၊ မြေနီကုန်း တံတားအောက် ရှိ ယာဉ်ထိန်းရဲကင်း(ဘန်ကာ) သည်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ် ဘဲဥများနှင့် ရဲခွေး၊ အရပ်ဝတ်စစ်ခွေးများ အခြေချ စုဝေးရာဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ဖောက်ခွဲခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော YDF ရဲဘော်နှစ်ဦးကို လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါ Missionကို ဆောင် ရွက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- မြေနီကုန်း ကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲကင်း။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *