လှိုင်သာယာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်

လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်အရိပ်(ပန်ဒါ)ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့ ပူးပေါင်း အဝေးထိန်းစနစ်ဖြင့် ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာ ဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပေါက်ကွဲမှုဖြစ်တာမှန်တယ်။ အိမ်တွေပါတုန်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်ပြီးတော့ ရုတ်ရုတ်သဲသဲတွေတော့ ဖြစ်ကုန်တယ်။ အထိအခိုက်တော့ သေချာမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောနေရာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများကို ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ရှောင်ရှားသွားလာပေးကြရန် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့က သတိပေးထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top