အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးအကြောင်း YDF ပြောပြချက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ‌ဖမ်းဆီးရမိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်ကြပါတယ်။

အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံ လူငယ်နှစ်ဦးကတော့ ယောကာကွယ်ရေးတပ် (YDF) က တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ ယောကာကွယ်ရေးတပ် (YDF) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြောက်ခင်ရန်း ပျူရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီတိုက်ပွဲမှာ ယောကာကွယ်ရေးတပ် (YDF) က တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးလိုက်ရတာဖြစ်ပြီး အဲဒီနောက် အရှင်ရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အသက် (၂၃) နှစ်အရွယ် ကိုဖိုးတေနဲ့ ကိုသားထောင်တို့ နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတွေက လမ်းမပေါ်မှာ ရိုက်နှက်ပြီးနောက် မြောက်ခင်းရန်းရွာ မြောက်ဘက်အထွက် ဆေးရုံရှေ့က ကုက္ကိုလ်ပင်အောက် အများပြည်သူမြင်ကွင်းရှေ့မှာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ကျဆုံး YDF ရဲဘော်နှစ်ဦးအကြောင်း ယောကာကွယ်ရေးတပ် (YDF) ရဲ့ စစ်ကြောင်းမှူးက အခုလို ပြောပြထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *