ကောလင်းမြို့တွင်းက လူနေရပ်ကွက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်းနေရာ ၄ နေရာခန့်ကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပြီး ၂ ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ကောင်စီတပ်တွေ ကောလင်းမြို့ထဲအထိ ဝင်ရောက်လာနိုင်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ထုတ်ခဲ့တာကြောင့် မြို့စွန်ရပ်ကွက်တွေဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေ မြို့ထဲသို့ ထပ်မံပြန်ဝင်လာပြီး မြို့ပေါ်ရပ်ကွက်တချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တခုက ဆိုသည်။

“မနေ့ကမြို့ထဲကို စစ်တပ်ကဝင်ပြီးတော့ တော်တော်များများနေရာတွေကို မီးလိုက်ရှို့တယ်။ တမြို့လုံး လေးနေရာ၊ ငါးနေရာလောက်ရှိမယ်” လို့ သူကဆက်ပြောပါတယ်။

မီးရှို့ခံရတဲ့ရပ်ကွက်တွေဟာ ကောလင်းမြို့ပေါ်က ပြင်ဦးလွင်ရပ်ကွက်၊ မြို့မရပ်ကွက်အပါအဝင် နေရာတော်တော်များများ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက မစ်ဇိုင်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အင်အားအလုံးအရင်းသုံးကာ ဖေဖော်ဝါရီ ၃ ရက်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ တပတ်ကျော်ရှိလာပါပြီ။

မနေ့ကညနေပိုင်းမှာလည်း ကောလင်းမြို့အတွင်းက ဆေးရုံ၊ စာသင်ကျောင်းနဲ့ ထွေအုပ်ရုံးနေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို ကောလင်းမြို့နဲ့ ဝန်းသိုမြို့ကြားက ကျေးရွာတွေဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မနေ့က နေ့လယ်ပိုင်းကလည်း ကောလင်းမြို့နဲ့ ၁၀မိုင်ခန့်ဝေးတဲ့ ကုက္ကိုကုန်းကျေးရွာက ဆေးရုံနေရာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာမှာ လူနာတွေ ထိခိုက်တာမျိုးမရှိပေမယ့် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲအတွင်းမှာ ရှိနေတဲ့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကောလင်းမြို့တိုက်ပွဲဟာ ရက်ရှည်တိုက်ပွဲဖြစ်လာတာကြောင့် စစ်ရှောင်ပြည်သူတွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း သူက တောင်းဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ဒေသလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာ ၆ ရက်မှာ ကောလင်းမြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို နို၀င်ဘာ ၈ ရက်မှာ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးအတွက် တာ၀န်ပေးအပ်ခဲ့ပါတယ်။

ကြားကာလဒေသန္တရအုပ်ချုပ်ရေး ကြေညာပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက် နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ၊ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့ ကောလင်းခရိုင်၊ မြို့နယ်အတွင်းရှိ ဌာနအသီးသီးက CDM ၀န်ထမ်းတွေအနေနဲ့ ခရိုင်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ ထံကို ဆက်သွယ်သတင်းပေးပို့ပြီး တာ၀န်ထမ်းဆောင်နိုင်တယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။

ကောလင်းနောက်ဆုံးရသတင်းများ

မြို့တွင်းတိုက်ပွဲပြင်းထန်နေပြီးမြို့အားမပေးရရန် ဆက်လက်တိုက်ပွဲဝင်နေဆဲ

10.2.2024 kawlin at 1:30 pm သတင်း

ယနေ့ကောလင်းမြို့အတွင်းပိုင်းတွင် ကာကွယ်ရေးတပ် များနှင့် စကစတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက် ရှိနေပြီး 7:00 am ခန့်တွင် စတင်ပစ်ခတ်ပြီး 12:00 pm ဝန်းကျင်ခန့်တွင် အသံများငြိမ်သွားကြောင်းသိရပါတယ်။

ဝန်းသိုခမရ 120/111 မှလက်နက်ကြီးပစ်ကူခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်(ကောလင်းအနောက်ခြမ်းချောင်းနားရွာ) အားပစ်ခတ်ခဲ့ကြောင်းသတင်းရှိပြီး ပြည်သူထိခိုက်မှူမရှိပါဟုသိရပါတယ်။

(တိုက်ပွဲဧရိယာမဟုတ်ကြောင်းသိရ)

9.2.2024 ရက်နေ့ ညနေပိုင်းတွင် ဝန်းသိုခမရ 120 မှ စစ်ကားတစ်စီးမှာ ဝန်းသိုမြို့နယ် ပေကုန်းရွာသို့ တပ်ကူအင်အားလာပေါင်းထားကြောင်းသိရပါတယ်။

9.2.2024 ရက်နေ့ ညနေ 4:30 ခန့်တွင်ကောလင်းမြို့ ကုက္ကိုကုန်းရွာသို့ တိုက်ပွဲဧရိယာမဟုတ်ပဲ လေကြောင်း ပစ်ခတ်ခဲ့ရာအမျိုးသမီးတစ်ဦးခြေထောက်အားအစထိမှန် ကြောင်းသတင်းရရှိပါတယ်။

10.2.2024နေ့လည် 1:00 pm ခန့်တွင်လည်း ကန့်ဘလူ 6006 တပ်ရင်းမှ Mi 17 တစ်စီး ဝန်းသိုခမရ 120 ထဲသို့ ဆင်းသက်ထားကြောင်းသတင်းရရှိထားပါတယ်။

ကောလင်းမြို့တွင်းတွင် လက်နက်ကြီးကျရောက်မှုနှင့် စကစတပ်မှမီးရှို့ဖျက်စီးမှုကြောင့် ပြည်သူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း ဓာတ်ဆီလောင်းကာမီးရှို့ခဲ့တယ်လို့သတင်းရရှိထားပါတယ်။

၎င်းမီးရှို့ခံရသောပြည်သူအား ဒေသကာကွယ်ရေးမှ ကယ်ထုတ်ပြီးကျန်းမာရေးစောင့်ရှောက်မှုပေးထား ကြောင်းသတင်းရရျိထားပါတယ်။(မေးမြန်းထားဆဲ)

မြို့တွင်းတိုက်ပွများဆင်နွဲနေပါသဖြင့် မြို့နေပြည်သူများ နှင့် မြို့အနီးရှိရွာများလည်း စစ်ရှောင်နေရပြီး စစ်ရှောင်ဦး ရေမြင့်တက်လျှက်ရှိကာ အခြေခံစားသောက်ကုန်များလိုအပ်လျှက်ရှိလာကြောင်းမြေပြင်သတင်းရရှိပါတယ်။

KR-Teams

10-2-2024

😁😁မနက်4amခန့်က တောင်နားကဘုန်းဘုန်းရဲ့ ကွန်မန်ဒိုစခန်းတခု ရောင်းထွက်😁

12pmခန့် ဝန်းသို120ကို ဆင်းနေချိန် ကင်ခံရ 😁mi17 ပုစင်း အနည်းငယ်ထိ ဟိုကောင်တွေဂိ😊ဟုသိရ။

Kawlininfo


Comments

Leave a Reply

Your email address will not be published. Required fields are marked *