မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ (NDA MDY) မှ ကိုဇီးရိုး ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက စခန်းသိမ်းနိုင်ရေး အတွင်းအထိ ဝင်ရောက်လာချိန်တွင် မြင်းခြံမြို့နယ် အနိမ့်ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၀ မမ များ၊ Drone များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းမသိမ်းနိုင်ဘဲ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး လိုအပ်ချက်ရှိလို့ အဲစခန်းကို မသိမ်းနိုင်လိုက်ရတာပါ။ RPG7 နဲ့သာ များများသုံးရင် စခန်းသိမ်းနိုင်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ အနေနဲ့ ကံစမ်းမဲလေး ရန်ပုံငွေ လိုအပ်ချက်အရ ရောင်းချင်ပါတယ်။ ကျည်နဲ့ fixed wing ဒရုန်း ဖြည့်တင်းဖို့ပါ။ ပြည်သူတွေနဲ့ ထောက်ပို့ ညီနောင်တွေ ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၆ (NDA MDY) မှ ကိုဇီးရိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း (NDA MDY) နှင့်အတူ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင် (ပကဖ) ၊ တောင်သာမြို့နယ် (ပကဖ) ၊ ငါးဇွန်မြို့နယ် (ပကဖ) ၊ မြင်းခြံမြို့နယ် (ပကဖ)၏ ကွပ်ကဲမူ့အောက်တွင် ရှိသော ANYAR FEDERAL TASK FORCE Myingyan ၊ ဧရာဝတီ မင်းသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံ၊ MGN-35 ပြောက်ကြားတပ်ဖွဲ့ ၊ 8 Star ပြောက်ကြားတပ်ဖွဲ့ မဟာမိတ်အင်အားစုများဖြစ်သော မြင်းခြံခရိုင် တပ်ရင်း အမှတ်( ၃)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂) MGN-RANGER I ဇာမဏီပြောက်ကြားတပ်ဖွဲ့ ငါးဇွန်၊ -မန္တလေးခရိုင် တပ်ရင်း အမှတ် ၃၊၅၊ THWAYTHAUK REVOLUTION FORCE ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ မြောင်ဗိုလ်တောက်ထွန်း ၊ မြောင် (ပလဖ) ၊ ရေလည်ကျွန်း နွေဦးစစ်သည် – Black Wolf PDF. Mdy ၊ ဒေါင်းညီနောင်၊ Mobile DRF ရေလည်ကျွန်း ရပ်ကျေး( ပကဖ) SLK LPDF ၊ KNT LPDF ၊ တပ်ခွဲ(၂) တို့က ပူးပေါင်းလုပ်ဆာင်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် တပ်ရင်း ၆ (NDA MDY) က ကျည်နှင့် Fixed Wing ဒရုန်း ဖြည့်တင်းရန်အတွက် ကံစမ်းမဲများ ရောင်းချသွားမည်ဖြစ်ပြီး ပြည်သူများနှင့် ထောက်ပို့ ညီနောင်များ ပါဝင်အားဖြည့်ပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

*စစ်ရေးသတင်းထုတ်ပြန်ခြင်း*

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၅ ရက်

မန္တလေးတိုင်း မြင််းခြံခရိုင် ၊မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို မိမိတို့ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း နှင့်အတူ

၁။မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊

၂။ မြင်းခြံခရိုင် (ပကဖ) ၊

၃။တောင်သာမြို့နယ် (ပကဖ) ၊
၄။ငါးဇွန်မြို့နယ် (ပကဖ) ၊

၅။မြင်းခြံမြို့နယ် (ပကဖ)၏ ကွပ်ကဲမူ့အောက်တွင် ရှိသော

၆။ ANYAR FEDERAL TASK FORCE Myingyan ၊

၇။ဧ ရာဝတီ မင်းသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံ၊

၈။ MGN-35 ပြောက်ကြားတပ်ဖွဲ့ ၊

၉။ 8 Star ပြောက်ကြားတပ်ဖွဲ့ မဟာမိတ်အင်အားစုများဖြစ်သော

၁၀။ မြင်းခြံခရိုင် တပ်ရင်း အမှတ်( ၃)၊

၁၁။ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂) MGN-RANGER I ဇာမဏီပြောက်ကြားတပ်ဖွဲ့ ငါးဇွန်၊ -မန္တလေးခရိုင် တပ်ရင်း အမှတ် ၃၊၅၊ THWAYTHAUK REVOLUTION FORCE ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ မြောင်ဗိုလ်တောက်ထွန်း ၊ မြောင် (ပလဖ) ၊ ရေလည်ကျွန်း နွေဦးစစ်သည် – Black Wolf PDF. Mdy ၊ ဒေါင်းညီနောင်၊ Mobile DRF ရေလည်ကျွန်း ရပ်ကျေး( ပကဖ) SLK LPDF ၊ KNT LPDF ၊ တပ်ခွဲ(၂) တို့နှင့် ၂ နာရီကျော်တိုက်ခိုက်ချေမှုန်းရာ စခ နှင့် ပခ များ အများအပြားထိခိုက်ဒဏ်ရာရကြောင်း အတွင်းသတင်းအရ သိရှိရပါသည်။

စခ ၅ ဦးကျော် ၈ ဦးထပ်မနည်းသေဆုံးကြောင်းကိုလဲ ထပ်မံကြားသိရပါသည်။ စခန်းသိမ်းနိုင်ရေး အတွင်းထိဝင်ရောက်ချိန်မှာ မြင်းခြံမြို့နယ် အနိမ့်ကျေးရွာမှ 80 mm များဖြင့်လည်းကောင်း Droneများဖြင့်လည်းကောင်း ဗုံးသီးများချခြင်းကြောင့် စခန်းမ
သိမ်းနိုင်ဘဲ အထိအခိုက်မရှိဆုတ်ခွါခဲ့ရပါသည်။ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ထင်မှတ်မထားတဲ့ အင်အားတွေကြောင့် ဆုတ်ခွါခဲ့ရခြင်းကြောင့် ဝမ်းနည်းစရာကောင်းပေမဲ့ မဟာမိတ်များရဲ့ အားမလျှော့ဘဲဆက်လက်၍ စခ ရခ ပခ များအမြစ်ပျက်ချေမှုန်းရေး အာဏာရှင်မှန်သမျှ မြန်မာ့မြေကနေအပြီးတိုင်သုတ်သင်ရေးအတွက် အချိန်မရွေး ဖိတ်ခေါ်ပါရန် ပြောကြားချက်ကတော့ မြင်းခြံမြို့နယ်နဲ့အတူ တနိုင်ငံလုံးကိုယ်စားကတော့ တကယ့်ကို အားရကျေနပ် ကျေးဇူးတင်စရာပါ။
အရေးတော်ပုံအောင်ရမည်။

အာဏာရှင်မှန်သမျှအပြီးတိုင်တွန်းလှန်မည်။

မန္တလေးခရိုင်တပ်ရင်း ၆


Comments

Leave a Reply

Your email address will not be published. Required fields are marked *