စစ်မှုထမ်းဥပ​​ဒေဟာ အာဏာသိမ်းခေါင်း​ဆောင်နဲ့စစ်​ကောင်စီအတွက် နိဂုံးရဲ့အဆုံးသတ်လို့ဗိုလ်ချုပ်ဂွန်​မော်​ပြော

အာဏာသိမ်း​စစ်ခေါင်း​ဆောင် အမိန့်နဲ့ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပ​ဒေဟာ စစ်​ခေါင်း​ဆောင် နဲ့ စစ်​ကောင်စီအတွက် နိဂုံးရဲ့ အဆုံးသတ် ဖြစ်တယ် လို့ ကချင်လွတ်လပ်​ရေးအဖွဲ့ (KIO)​ခေါင်း​ဆောင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်​မော်က ​​ပြောပါတယ် ။

“၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့က
( နိဂုံးရဲ့အစ )ဆိုရင်….
၂၀၂၄ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ စတင်
အာဏာတည်သော ဥပဒေ က
( နိဂုံးရဲ့အဆုံးသတ် )..လို့ဆိုရမှာပေါ့။”လို့ ဒုဗိုလ်ချုပ်ကြီးဂွန်​မော်က ​ခေတ်သစ်သတင်းဌာနက ​ဖော်ပြတဲ့ စစ်​ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပ​ဒေ စတင်ပြဌာန်းတယ်ဆိုတဲ့သတင်း​အောက်မှာ ဝင်​ရောက်မှတ်ချက်​ပေးထားတာဖြစ်ပါတယ် ။

KIO/KIA ဟာ​နွေဦး​တော်လှန်​ရေး အစကတည်းက ပြည်သူ​တွေနဲ့အတူရပ်တည်ခဲ့တဲ့ ၊​တော်လှန်​ရေးကိုဦး​ဆောင်ပါဝင်​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ် ။

ရှမ်းပြည်နယ် ​မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင် မြို့​ပေါင်း ဒါဇင်နဲ့ချီ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ညီ​နောင် မဟာမိတ် ၃ ဖွဲ့က “မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒ” ဖြစ်သော “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” သည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ပါသည်”လို့ ဒီနေ့ တရုတ် နှစ်သစ်ကူးဆုမွန်​ကောင်း​တောင်း​ပေးရာတွင်​ရေးသား​ဖော်ပြ​ထားပါတယ်။

တော်လှန်​ရေးတပ်ဖွဲ့​တွေက မြို့​ပေါင်း ၄၁ မြို့ သိမ်းပိုက်ထိန်းချုပ်လာနိုင်ပြီး စစ်​ကောင်စီတပ်ဟာနိုင်ငံအဝန်းစစ်ရှုံးတာများ​နေပြီး​ ​သေဆုံးသူ၊ဒဏ်ရာရသူ၊ထွက်​ပြေးသူ၊လက်နက်ချသူ​တွေအလွန်များ​​နေပါတယ် ။ဒါ​ပေမယ့် စစ်​ကောင်စီတပ်ထဲဝင်သူနည်းပါးပြီးတပ်ဖွဲ့ဝင်အင်အားလိုအပ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေ​ဖော်ဝါရီ ၁၀ ရက်မှာစတင်ပြဌာန်းလာတာဖြစ်ပါတယ်။

စစ်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီနေ့ကစပြီး အာဏာတည်ရမယ်လို့ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ကြေညာလိုက်တာပါ။ အဲဒီဥပဒေဟာ အရွယ်ရောက်သူနိုင်ငံသားတိုင်းကို ၅ နှစ်အထိ စစ်မှုထမ်းခိုင်းနိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ စစ်မှုထမ်းကာလကို ၂ နှစ်သတ်မှတ်ထားပေမယ့် နိုင်ငံမှာအရေးပေါ်အခြေအနေဖြစ်ရင် ၅ နှစ်အထိ စစ်မှုထမ်းခိုင်းမှာပါ။ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မပြည့်သေးသောသူ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈နှစ်ပြည့်ပြီး ၂၇ နှစ် မပြည့်သေးသူတွေ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ် ။ဒါ​ပေမယ့် အတက်ပညာရှင် ​တွေဆိုရင် အမျိုးသား အသက် ၄၅ နှစ်အရွယ်အထိ့ ၊အမျိုးသမီး အသက် ၃၅ နှစ်အရွယ်အထိ စစ်မှုထမ်းရမယ်လို့ဆိုပါတယ် ။

ချင်းအမျိုးသားတပ်မတော် (CNF/CNA)ပြောရေးဆိုခွင့်
ရှိသူ ဆလိုင်းထက်နီကလည်း”အရပ်သားပြည်သူတွေအပေါ် စစ်သားစုဆောင်းတာ မဖြစ်နိုင်တော့လို့ ဥပဒေကို အကာအကွယ်ယူပြီးအတင်းအဓမ္မ လက်နက်ကိုင်ခိုင်းတာပဲ၊ ဒါက ရှင်းပါတယ်၊နွေဦးတော်လှန်ရေးမှာ စကစ လက်နက်
ကိုင်အင်အား အင်မတန် ချည့်နဲ့သွားတယ်ဆိုတဲ့ သက်သေပဲပေါ့။စကစ ဟာ ပြည်သူရဲ့ ရန်သူဖြစ်နေတော့ လက်နက် မဲ့ ပြည်သူတွေ စိုးရိမ်မှာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ် စကစ အပြတ်ချေမှုန်းမှသာ ပြည်သူဘဝ လုံခြုံမှာလေ၊ ဒီတော့ ပြည်သူတွေအနေနဲ့ စကစ ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ပါပဲ”လို့ ပြောပါတယ် ။

“ဒါဟာ အာဏာရူး မင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ကြံရာမရ နောက်ဆုံးလုပ်ဆောင်မဲ့ အကွက်မို့ပြည်သူတွေအား
လုံး မပူးပေါင်းမပါဝင်ဘဲစည်းစည်းလုံးလုံးနဲ့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားကြဖို့ပဲ ပြောချင်ပါတယ်” လို့ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ် ။

စစ်​ကောင်စီက အခုပြဌာန်းတဲ့ ဥပ​ဒေဟာ တရားဝင်​ပေါ်တာဆွဲတဲ့သ​​ဘောဖြစ်​နေတာ​ကြောင့် စစ်​ကောင်စီစိုးမိုးထားတဲ့​ဒေသက ပြည်သူ​တွေက စိုးရိမ်ပူပန်​နေကြပါတယ် ။

ရန်ကုန်မြို့မှာအလုပ်လုပ်နေတဲ့အသက် ၂၁ နှစ်အရွယ်လူငယ်တစ်ဦးက “ဘာလုပ်ရမလဲကိုမသိသေးဘူး။စိုးရိမ်စိတ်ကတော့ရှိတာပေါ့။နိုင်ငံခြားသွားမယ့်ကောင်တွေတော့ဘယ်လိုနေမလဲမသိဘူးပေါ့။ဒီနိုင်ငံထဲကျန်မယ့်သူတွေကတော့ခွေးပဲလုပ်မလားထောင်ထဲဝင်မလား။Choiceမရှိဘူးလေ။ဓားနဲ့ထောက်ပြီးကြိုးတန်းလျှောက်ခိုင်းသလိုပေါ့။ကြိုးတန်းမလျှောက်ချင်ရင်ဓားကိုကြောက်နေလို့မရဘူးလေ”လို့ သူခံစားချက်ကို ​ပြောပါတယ် ။

အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက “ဒီစစ်
မှုထမ်းဥပဒေဟာ မအလစစ်တပ်ရဲ့ ကျဆုံးမှုအစဖြစ်ပီးတော့ စစ်မှုထမ်းဥပဒေက ပြည်သူ့အာဏာ ပြည်သူ့လက်ထဲမှာရှိတယ် အတင်းအကြပ်လုပ်ယူလို့မရဘူးဆိုတာကို သိသာထင်ရှားသွားစေတာပေါ့။ပြည်သူလက်ထဲကိုကော သေနတ်ထည့်ပေးရဲပါ့မလား။သူ့လူတွေ (စစ်တပ်​ထောက်ခံသူ​တွေ) အတွက် Motiဖြစ်ဖို့များတယ်။ သူတို့လိုချင်တဲ့ဥပဒေမျိုးမဆို ကြိုက်သလိုပြဌာန်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့”လို့​ပြောပါတယ် ။

ဒီဥပ​ဒေမှာ စစ်မှုထမ်းဖို့ မလိုသူ​တွေဟာ သာသနာ့ဝန်ထမ်း​တွေ ၊ အိမ်​ထောင်သည်အမျိုးသမီး​တွေ (အိမ်​ထောင်ပျက်​သော်လည်း သားသမီးရှိသူ )၊ မသန်စွမ်းသူ ​တွေ ၊စစ်တပ် စစ်​ဆေး​ရေး ဘုတ်အဖွဲ့က စစ်မှုထမ်းရန် အမြဲတမ်းမသင့်​လျော်သူဖြစ်​ကြောင်း သတ်မှတ်ထားသူ​တွေ ၊ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီးကင်းလွတ်ခွင့်ပြုထားသူ​တွေလို့ ဆိုပါတယ်။

ဒါ​ကြောင့် ဘုန်းကြီးဝတ်မယ်၊ အိမ်​ထောင်ပြုမယ် လို့ ​နောက်​ပြောင်​နေသူတချို့လည်းရှိပါတယ် ။

နာမည်​ကျော် သရုပ်​ဆောင်မင်းသား ဇဏ်ခီးက ” လူသားတံတိုင်းအကြီးစားတည်​ဆောက်​လေပြီ ။ ရယ်စရာမဟုတ်”လို့​ရေးသားထားပါတယ် ။

မတရားအာဏာလုထားတဲ့ စစ်​ကောင်စီက ပြဌာန်းတဲ့အမိန့်​ဖြစ်တာမို့ တရားမဝင်သလို လက်မခံပဲ မဖြစ်မ​နေ​ရွေးချယ်ရ​တော့မယ်ဆိုရင် ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့ ပူး​ပေါင်းမယ် ဆိုတဲ့ လူငယ်​တွေလည်းများစွာရှိပါတယ် ။ ဒါ​ကြောင့် ​တော်လှန်​ရေးတပ်ဖွဲ့​တွေက လူငယ်​တွေကို တပ်ဖွဲ့ကို လာ​ရောက်ပူး​ပေါင်းကြဖို့ ဖိတ်ခေါ်​တာတွေလည်း ညတွင်းချင်းရှိလာပါတယ် ။

NUG ဝန်ကြီးတစ်ဦးဖြစ်တဲ့ ​ဒေါင်တာတူး​ခေါင်ကလည်း
“နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး၊ငါတို့က ဘယ်ဖက်မှ မပါဘူး၊ ကြားထဲက ပြည်သူစစ်စစ်ပါ ဆိုတဲ့ လူတွေရဲ့ အိမ်တံခါး တက်ခေါက်မဲ့ ဥပဒေ တော့ ထွက်လာပြီ။ ဘယ်လမ်းရွေးမလဲ ဆိုတာပဲရှိမယ်၊ ကြားလူမရှိတော့ဘူး။”လို့ ​ရေးသားထားပါတယ် ။

“​နေသာသလို​နေရင် အကြမ်းဖက်စစ်တပ်ထဲ​ရောက်ပြီး ပြည်သူနဲ့ ရန်သူဖြစ်ပြီး​တော့ ​သေရင်​သေမယ် သို့ (သို့မဟုတ်)
မ​သေရင်​တောင်သမိုင်းမလှတဲ့ အကြမ်းဖက်စစ်သားဖြစ်မယ်။အခုချိန်မှာ​တော့ ​တော်လှန်​ရေးထဲဝင်ပြီး ​တော်လှန်မှုက အ​ကောင်းဆုံး​ရွေးချယ်မှုဖြစ်မှာပါ”လို့ CDM ဗိုလ်ကြီး
လင်းထက်​အောင်က သူ့​​ဖေစ်ဘွခ်မှာ​ရေးသားထားပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင် ၊စစ်​ကောင်စီအရာရှိ​တွေနဲ့ စစ်ဗိုလ်သင်တန်းတက်​ရောက်​နေသူအချို့ ။ဓါတ်ပုံ-စစ်​ကောင်စီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *