ဘပုရဲ့ လေထဲမှာဆောက်တဲ့အိမ်

မနေ့က အသ-က်သွင်းလိုက်တဲ့
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်း
ဥပဒေလောက် စိုးရိမ်ဖို့ မကောင်းဘူး

ဖေဖော်ဝါရီ ၉ ရက်နေ စစ်ကောင်စီ
အစည်းအဝေးမှာ အဲဒါနဲ့ပတ်သက်
ဆွေးနွေးတယ် ဖေဖော်ဝါရီ ၁၀ မှာ
ပြည်သူ့စစ်မှုထမ်းဥပဒေ အသ-က်သွင်းပြီ
အတည်ပြုအမိန့်ကို ထုတ်ပြန်တယ်

အဲဒါကို ကြည့်တာနဲ့ မင်းအောင်လှိုင်
စစ်တပ်ဟာ အင်အားနည်းလာတာနဲ့
စိတ်ကူးရှိရာ လျှောက်လုပ်နေတာမြင်သာတယ်

ပြည်သူ့စစ်မှုထမ်းဥပဒေက အရမ်း
ကျယ်ပြန့်တယ် နေ့ခြင်းညခြင်း အသ-က်သွင်း
နေ့ခြင်းညခြင်းနဲ့ အကောင်အထည်
ထဖော်လို့ရတဲ့ ဥပဒေမျိုးမဟုတ်ဘူး

ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းခြင်း
ဥပဒေလောက် စိုးရိမ်စရာမရှိဘူးလို့
ဘာလို့ပြောလဲဆို ပြည်သူ့လုံခြုံရေးအဖွဲ့
ဖွဲ့စည်းခြင်းက ပိုလွယ်လို့ဖြစ်ပါတယ်

တရွာ တရပ်ကွက် လူဘယ်လောက်
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရမယ်ဆိုပြီး
အမိန့်ထုတ်ယုံနဲ့ လုပ်နိုင်လို့ဖြစ်တယ်
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာက
ဒီလို လွယ်လွယ် လုပ်လို့မရပါဘူး

အချိန်တွေ အများကြီးယူရပြီးတော့
လူရင်းမြစ် အများကြီး သုံးရတယ်
ပြည်သူ့စစ်မှုထမ်းဥပဒေ အသ-က်
သွင်းမယ်ဆိုရင် စစ်ကောင်စီကနေ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့
ဗဟိုအဆင့်ကနေ ပြည်နယ် တိုင်း
ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာထိ
အဆင့်ဆင့် ဖွဲ့စည်းဖို့ အရင်လုပ်ရမယ်

အဲဒီအတွက် သူတို့မှာ လူအရင်းအမြစ်
အများကြီး သုံးရမယ် အဲအဖွဲ့တွေရော
ဝန်ကြီးဌာနတွေပါ ပူးပေါင်းလုပ်ရတယ်

တအိမ်တက် တအိမ်ဆင်း လူစာရင်း
အိမ်ထောင်စုစာရင်း ကောက်ရမယ်

မှတ်ပုံတင် ရှိ မရှိ စီစစ်ရမယ် မရှိရင်
မှတ်ပုံတင် ထုတ်ပေးဖို့ လုပ်ပေးရမယ်

စစ်မှုထမ်းခြင်း အသက်အရွယ်ကို
အမျိုးသားဆို ၁၈ ကနေ ၃၅ ထိ
အမျိုးသမီးဆို ၁၈ မှ ၂၇ အထိ
ဥပဒေထဲ သတိထားစရာတခုရှိတာ
ဆရာဝန် အင်ဂျင်နီယာအပါအဝင်
အတတ်ပညာတခုခုဖြင့် အသက်မွေး
ဝမ်းကျောင်းနေရင် ကျွမ်းကျင်သူလို့
သ-တ်မှတ်ပြီးတော့ အမျိုးသားဆို
၄၅ အထိ အမျိုးသမီးဆို ၃၅ အထိ
သ-တ်မှတ်ထားတာကို တွေ့တယ်

သာသနာဝန်ထမ်းတွေအပါအဝင်
အိမ်ထောင်ထဲ အမျိုးသမီးများ
ကိုယ်လ-က်အင်္ဂါ မသန်စွမ်းသူ
အဲလူတွေက ကင်းလွတ်ခွင့်ရှိပြီး
ဝန်ထမ်းနဲ့ ပညာသင်ကြားနေသူများ
မိအိုဖအို ပြုစုလုပ်ကျွေးနေသူ
ထောင်ဒ-ဏ်ကျခံနေရသူများ
ယာယီေ့ရွှဆိုင်းဖို့ တင်ပြနိုင်တယ်

အောက်ခြေမှာ ကောက်ယူတဲ့စာရင်း
ကျေးရွာ ရပ်ကွက်ကနေ ဗဟိုအထိ
အဆင့်ဆင့် စီစစ်ပြီး တင်ပြရပါမယ်
အဲဒီက တင်ပြလာတဲ့စာရင်းတွေထဲ
လူပုဂ္ဂိုလ်တွေ အသက်ပြည့် မပြည့်
အရည်အချင်း ပြည့်မှီခြင်း ရှိ မရှိကို
စစ်တပ်က မြို့နယ်အလိုက်မှာ ဆေးစစ်ဆေးရေး
ဘုတ်အဖွဲ့များဖြင့် စီစစ်ပေးရအုံးမယ်

ပြောလိုတာဘာလဲဆို ပြည်သူ့စစ်မှုထမ်း
ဥပဒေ အသ-က်သွင်းဖို့ဆို စစ်တပ်က
တနိုင်ငံလုံးအတိုင်းအတာနဲ့ လူရင်းမြစ်
အများကြီးသုံးရမယ် အောက်ခြေထိကို
တအိမ်တက် တအိမ်ဆင်း စာရင်းတွေ
ပြုစုရမယ် အဲဒါတွေ စီစစ်ရမယ် ဒါပြင်
ဝန်ကြီးဌာနတချ့ိုပါ ပူးပေါင်းပေးရမယ်

ဒါပြင် စစ်တပ်ကိုယ်တိုင် စစ်ဆေးစစ်ရေး
ဘုတ်အဖွဲ့တွေ ဖွဲ့စည်းပြီး စီစစ်ရအုံးမယ်..

ဒါကြောင့် နေ့ခြင်းညခြင်း အမိန့်ထုတ်
နေ့ခြင်းညခြင်း အသ-က်သွင်းလို့ရတဲ့
ဥပဒေမျိုး မဟုတ်ဘူးဆိုတာ ပြောပြတာပါ

ဒီလိုအခြေအနေမျိုးမှာ ဘယ်သူတွေ
အောက်ခြေထိ စာရင်းတွေ ဆင်းပြီး
ကောက်ရဲမလဲ ကြ-ည့်ချင်သေးတယ်

ဒီလိုပြောလို့ ပြည်သူ့စစ်မှုထမ်းဥပဒေ
ထည့်တွက်စရာမလိုဘူး စိုးရိမ်နေဖို့
မလိုဘူးလို့ ပြောတာတော့မဟုတ်ဘူး

ပြည်သူတွေ သတိထားဖို့ လိုတာတခုက
စစ်ကောင်စီက ဥပဒေတခုထုတ်ပြန်တိုင်း
အဲဒီဥပဒေအတိုင်း လုပ်မယ်လို့ ပြောတာမဟုတ်ပဲ
အဲဒီဥပဒေပါတဲ့ တချ့ိုအချက်အသုံးပြုပြီး
လုပ်ချင်သလိုလုပ်မယ် သတိပေးတာပါ

အောက်ခြေက စစ်အုပ်စုအဖွဲ့ဝင်တွေကို
လုပ်စားခွင့် ချပေးလိုက်တာ ဖြစ်ပြီးတော့
လုပ်ချင်သလိုလုပ် အဆင်းဘီးတပ်ပေး
တရားဝင် ပေါ်တာဆွဲခွင့် ပေးတာဖြစ်ပြီး
တရားဝင် ငွေညှ-စ်ခွင့် ပေးတာဖြစ်တယ်

ဒီအတွက် အများကြီး သတိထားဖို့လိုမယ်
အထူးသဖြင့် စစ်တပ်က ထိန်းချုပ်ထားတဲ့
မြို့ပြတွေမှာ တို-က်ပွဲမရှိနေတဲ့ဒေသတွေမှာ
ပြည်သူ့စစ်မှုထမ်းဥပဒေ ဘ-န်းပြပြီးတော့
သူတို့လုပ်ချင်သလို လုပ်လာနိုင်ပါတယ်

ဥပဒေ သ-တ်မှတ်ချက်အတိုင်း မဟုတ်ပဲ
သူတို့ ဖ-မ်းချင်သလိုဖ-မ်း အသက်ပြည့်ရင်
စစ်မှုထမ်းရမယ် စစ်မှုမထမ်းချင်ဘူးဆိုရင်
ငွေဘယ်လောက်ပေးရမယ် လုပ်မှာပဲလေ
လူထုက သတိထားရမှာ အဲဒီအပိုင်းပါပဲ
ကျန်တာ ထွေထူး စိုးရိမ်နေစရာမရှိပါဘူး

စစ်တပ်က လူရင်းမြစ် အဲလောက်မရှိဘူး
သူတို့ လုပ်ချင်တဲ့ဒေသမှာ လုပ်သွားမှာပဲ
ကျနော်ကတော့ သဘောတောင်ကျသေး
ကျနော်တို့တွေ ခဏ ခဏ ပြောခဲ့ဖူးပါတယ်

စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ
အနေသာ အသာနေလို့မရဘူး မတရားမှုက
တချိန်ကျရင် လူတိုင်းအိမ်တံခါး ခေါက်မှာပဲ
အနေသာ အသာနေတဲ့ လူတန်းစားရော
စစ်အာဏာရှင်စနစ် ထောက်ခံနေတဲ့
စစ်အုပ်စုတွေရော ဘယ်လူတန်းစားမှ
မတရားမှုတွေကနေ မလွတ်သွားပါဘူး

နည်းတယ် များတယ်ကွာမယ် ခံရမှာပဲ
စစ်ခေါင်းဆောင်တွေ ဒီလိုတွေ လုပ်လေ
မြို့ပြ ကျေးလက် တို-က်ပွဲရှိနေတဲ့ဒေသ
တို-က်ပွဲမရှိတဲ့ဒေသ လူတန်းစားပေါင်းစုံ
အကြေ-ာက်တရားအောက်မှာ နေရပြီး
နွေဦးတော်လှန်ရေးကြီးအောင်မြင်မှသာ
ဒီစနစ်ဆိုး မြန်မြန် အမြစ်ပြ-တ်မှသာရင်
အကြေ-ာက်တရားအောက်နေလွတ်မယ်
တော်လှန်ရေး ကြာနေလေ ဒီထက်ဆိုးတဲ့
အမိန့်တွေ ဥပဒေ ထပ်လာနေအုံးမှာပဲ
အခုချိန်ထိ နားမလည်သေး အနေသာ
အသာနေဆဲ တော်လှန်ရမှန်းမသိရင်
စစ်ခေါင်းဆောင်တွေ ဒု-က္ခပေးတာကို
ဆက်လက်ပြီး ခံ-နေရအုံးမှာပဲ ဖြစ်တယ်

ဒါမျိုးတွေ မဖြစ်လိုဘူးဆို တော်လှန်ရေး
ပုံအောဖို့ကလွဲ ရွေးချယ်စရာမရှိတာသိဖို့ပါ


Comments

Leave a Reply

Your email address will not be published. Required fields are marked *