ရပြန်ပြီဟေ့ ဒါကြီးကတော့ ခများတို့မြင်ရင် အံ့ဩသွားလောက်တယ်

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ ၊ ခမရ ၃၇၅ ၊ ခမရ ၃၇၆ နှင့် တပ်မဌာန ချုပ် စကခ ၉ ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ အစုလိုက် အပြုံလိုက် AA က ထုတ်ပြပြန်

ဖေဖော်ဝါရီ ၁၄ ရက်

ရက္ခိုင်ဒေသ၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်တိုက်ခိုက်ချေုမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို AA က ယနေ့ ထုတ်ပြန် ပြသလိုက်သည်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ အမှတ် ၃၇၇ အမြောက်တပ်ရင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံး အဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း ၊

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၆ တပ်ရင်း” တစ်ရင်းလုံး ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်တော်ရှိ တပ်စခန်းများအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top