အု​ပ်ကြီးတွေကြည့်ထားကြနော်

အု​ပ်ကြီးတွေကြည့်ထားကြနော်

ပဲခူး၊ ရွှေကျင်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက် အစည်း အဝေးလုပ်နေသည့် ခြေတော်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမျိုးကြည် ပစ်ခတ်ခံရပြီး သေဆုံး၊ တပ်သားသစ်စုဆောင်းနေသူများ ထွက်ပြေးတိမ်း ရှောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက် အစည်းအဝေးလုပ်နေသည့် ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ရွှေကျင်မြို့နယ် ခြေတော်ရာကျေးရွာ၏ အုပ်ချုပ်ရေးမှူး မျိုးကြည်က စစ်မှုထမ်း မည့် လူငယ်များ ကို ခေါ်ဆောင်ရေးအတွက် အစည်းအဝေး လုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ” မျိုးကြည်က ဒီနယ်ခံမဟုတ်ဘူး။

အခြားနေရာကလာပြီး အုပ်ကြီးလုပ်နေတာ။ တပ်သားသစ်စုဆောင်းဖို့ အစည်းဝေးလုပ်နေတုန်း အမည်မသိ တော်လှန်ရေးတပ်ဖွဲ့က အစည်းဝေးလုပ်နေတဲ့ရုံးထဲမှာပဲ ဝင်ပစ်လိုက်တာ။ ခေါင်းကိုသုံးချက်မှန်ပြီး နေရာမှာပွဲချင်းပြီးသေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ လက်ရှိ ရွှေကျင်မြို့နယ်တွင် တပ်သားသစ်စုဆောင်းရေး အတွက် လုပ်နေကြသည့် စစ်ကောင်စီဘက်တော်သားများ အားလုံး ကြောက်လန့်ပြီး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“တမြို့လုံးမှာရှိတဲ့ စစ်တပ်အတွက် လူသစ်စုပေးတဲ့ ထောက်တိုင်ကောင်တွေလည်း ပြာယာခတ်ပြီး လန့်ကုန်ကြပါတယ်။ နေစရာ မရှိအောင်ကို ဖြစ်ကုန်ကြတာပါ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။ ဓာတ်ပုံ- အုပ်ကြီး မျိုးကြည် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *