ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)က သုံးနှစ်တာ ကာလအတွင် တိုက်ပွဲကြီးပေါင်း ၃၇ ပွဲ ၊ တိုက်ပွဲငယ် ၅၈ ပွဲ ၊ မြို့ပြမစ်ရှင်ပေါင် ၄၉၈ ကြိမ် ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်သည်။
နွေဦးတော်လှန်ရေး၏သပိတ်အင်အားစုများမှ ပေါက်ဖွားလာသောပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၏ယနေ့ (ဖေဖော်ဝါရီ ၂၅)ကျရောက်သော ၃ နှစ်ပြည့်မွေးနေ့တွင် ၃ နှစ်တာ ဖြတ်သန်းမှု ရုပ်သံမှတ်တမ်းတိုကိုထုတ်ပြန်ရင်း ဖော်ပြထားခြင်းဖြစ်သည်။
ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျွန်မတို့လူငယ်တချို့သည် စစ်ကောင်စီ၏ မတရားဖိနှိပ် ချုပ်ချယ်မှုအပေါ် လက်မခံနိုင်ကြသည့်အဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၂၅)တွင် လက်နက်ကိုင်တော်လှန်ရေးစတင်ရန်ဆုံးဖြတ်ခဲ့ကြသည်။
၂၀၂၁ မတ်လဆန်းတွင် MSTF- Mandalay Special Task Force အဖြစ် ဖွဲ့စည်း၍ စစ်ကောင်စီပစ်မှတ်များ၊အုပ်ချုပ်ရေးပစ်မှတ်များ ၊ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများကိုတိုက်ခိုက်ခဲ့သည်။
၂၀၂၁ ဇူလိုင်လတွင် TNLA နယ်မြေတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး တပ်ရင်း၊တပ်မဖွဲ့စည်းမှု စတင်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဂွေးပင်ရဲစခန်းအားထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
(၃)နှစ်တာကာလအတွင်း မြင့်မြတ်စွာအသက်ပေးလှူသွားသော အာဇာနည်စစ်သည်အပေါင်းတို့အား အစဉ်အောက်မေ့ဦးညွှတ်လျှက် ရှိကြောင်းလည်း အသိပေးထားသည်။
MDY-PDF သည် စစ်ကောင်စီအားအကြိမ်ကြိမ်အထိနာအောင်တိုက်ခိုက်နိုင်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍စခန်းသိမ်းတိုက်ပွဲများကိုပါတိုက်ခိုက်ဆင်နွှဲထားသည်။
ရုပ်သံ-MDY PDF
Leave a Reply