လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုံးတွေကို ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖက မိုင်းနဲ့ တိုက်ခိုက်

ရန်ုကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ထဲက အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ အုပ်ချုပ်ရေးမှူးရုံး နဲ့ အထိုင်စခန်းတွေကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖက ရဲဘော်တွေက ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၈ နာရီ က စတင်ကာ မိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။

ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖကရဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ မိုင်းတွေဟာ ည၈ နာရီ အချိန်မှာ ရန်သူစစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး၊ ၈နာရီ ၅ မိနစ်မှာ ၅ ထိပ် ပျူစောထီးစောထီးတွေ အစစ်အဆေးလုပ်တဲ့နေရာ၊ ၈ နာရီ ၈ မိနစ် အချိန်မှာ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့ ၈ နာရီ ၁၀ မိနစ် အချိန်မှာ ၁ ထိပ် ဘန်ကာစခန်းတွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့‌ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အကြိုက် ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ရန်သူလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပျူစောထီးတွေ အနေနဲ့ ပြည်သူတွေကို ဆက်လက်ဒုက္ခပေးနေပါက အရေးယူ တိုက်ခိုက် သွား မှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖကထုတ်ပြန်ချက် သတ်ပေးထား ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *