ရှမ်းမြောက်ဒေသတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က မသိမ်းခင်မှာပင် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်များ ဖွဲ့စည်းပုံပျက်သည်အထိ အင်အားမရှိခဲ့ဟု ထိပ်တန်းလျှို့ဝှက် တပ်စာရင်းက ဖော်ပြ

ရှမ်းမြောက်ဒေသတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က မသိမ်းခင်မှာပင် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်များ ဖွဲ့စည်းပုံပျက်သည်အထိ အင်အားမရှိခဲ့ဟု ထိပ်တန်းလျှို့ဝှက် တပ်စာရင်းက ဖော်ပြ

■ လက်နက်ချ အညံ့ခံသော စကခ ၁၄ မှူး ဗိုလ်မှူးချုပ် အေးမင်းဦး အရေးယူခံရပြီးနောက် စကခ ၁၄ တပ်ရင်းများအားလုံး ဖရိုဖရဲဖြစ်

ရှမ်းမြောက်ဒေသတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က မသိမ်းခင်တကည်းက စစ်ကောင်စီ၏ အမှတ် ၁၄ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်လက် အောက်ခံတပ်များ ဖွဲ့စည်းပုံပျက်သည်အထိ အင်အားမရှိဖြစ်ခဲ့ဟု ထိပ်တန်းလျှို့ဝှက် တပ်စာရင်းအရ သိရှိရသည်။

စစ်ကောင်စီက ရှမ်းမြောက်ဒေသမှ လောက်ကိုင်အပါအဝင် မြို့များကို ကာကွယ်ရန်အတွက် အင်အားမရှိသော စကခ ၁၄ တပ်များကို လောက်ကိုင်သို့ စေလွှတ်ခဲ့ပြီး စကခ ၁၄ မှူး ဗိုလ်မှူးချုပ်အေးမင်းဦးကိုလည်း လောက်ကိုင် ဒကစသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ အမှတ် ၁၄ စစ်ဆင်ရေးကွပ် ကဲ မှုဌာနချုပ်လက်အောက်ခံ တပ်များတွင် သေဆုံး၊ ပျောက်ဆုံးနှင့်စစ်ပြေး ၄၀၃ ဦး ရှိပြီး တပ်ပြင်ပျက်ကွက် ၅၃၅ ဦးရှိကြောင်း ရရှိထားသော ထိပ်တန်းလျှို့ဝှက် တပ်အင်အား စာရင်းအရ သိရှိရသည်။

အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၄) သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်ပြီး တပ်ရင်း ၁၇ ခုကို ကိုင်တွယ်ထားသော ကွပ်ကဲမှု ဌာနချုပ်လည်းဖြစ်သည်။

ရှမ်းမြောက်ပိုင်းဒေသကို မြောက်ပိုင်းမဟာမိတ်တပ်များက မသိမ်းယူခင် စကခ ၁၄ လက်အောက်တွင် ပါဝင်သော တပ်ရင်း ၁၇ ခုတွင် အင်အား ၁၈၉၆ ဦးသာရှိခဲ့ပြီး လက်ရှိတွင်လည်း ဖရိုဖရဲဖြစ်နေကြောင်း သိရှိရသည်။

စကခ ၁၄ လက်အောက်တွင်

မိုင်းဆတ်တပ်နယ်

၁ ခလရ(၄၉)

၂ ခလရ(၂၇၈)

၃ ခမရ(၃၃၃)

၄ ခမရ(၅၂၇)

၅ စကခ(၁၄)

၆ မဆခွဲ၊စကခ(၁၄)

၇ ဆသခွဲ၊စကခ(၁၄)

၈ စမအခွဲ၊စကခ(၁၄)

၉ ထပခွဲ၊စကခ(၁၄)

၁၀ လလစခွဲ၊စကခ(၁၄)

၁၁ စစနစု၊စကခ(၁၄)

မိုင်းတွမ်းတပ်နယ်

၁ ခမရ(၅၅၃)

၂ ခမရ(၅၅၄)

မိုင်းခုတ်တပ်နယ်

၁ ခမရ(၅၇၉)

၂ ခမရ(၅၈၀)

မိုင်းတုံတပ်နယ်

၁ ခလရ(၂၇၇)

၂ ခမရ(၅၁၉) တို့ဖြစ်ကြောင်း သိရှိရသည်။

လောက်ကိုင်တွင် တာဝန်ချထားခံခဲ့ရသည့် စကခ ၁၄ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးသည် MNDAA ထံတွင် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ပြီး လက်ရှိတွင် အရေးယူခံထားရကြောင်း၊ လက်ရှိတွင် စကခ ၁၄ လက်အောက်ခံတပ်များအားလုံး ဖရိုဖရဲဖြစ်နေကြောင်း သိရှိရသည်။

Leave a Comment