ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဥ်းထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေနေပြီး အလုပ်မလုပ်လိုပါက ငွေပေးရန် မိသားစုထံ ဆက်သွယ်ငွေညှစ်တောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်လိုပါက ထောင်အာဏာပိုင်များက ကျပ် ၅ သိန်းမှ ၁၀ သိန်းကျပ်အထိ ပေးရန် တောင်းခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ထောင်အာဏာပိုင်တွေက တစ်ဆင့်သော် လည်းကောင်း၊ အကျဉ်းသားဉ်းသားတွေက တစ်ဆင့်သော်လည်း ကောင်း မိသားစုဝင်တွေဆီ တောင်းတယ်။ အကျဉ်းထောင်ထဲမှာ စိတ်ပင်ပန်းနေရတာကို အလုပ်ကြမ်းပါ ခိုင်းတာ မဖြစ်စေဖို့ ကြိုးစားရှာဖွေ ပေးရတဲ့ မိသားစုတွေ ရှိပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းထောင်များအတွင်း အကျဉ်းသားများအတွက်အိမ်သာသန့်ရှင်းရေးဘုတ်၊တောင်ယာဘုတ်၊ရေချိုးကန်ဘုတ်၊ထမင်းချက်ဖိုကြီးဘုတ် အပါအဝင် အလုပ်ဘုတ်များစွာရှိနေပြီး အဆိုပါ အလုပ်များကို နိုင်ငံရေးအကျဉ်း သားများကို တမင် ဖိအားပေး၍ အတင်းအဓမ္မအလုပ်ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
သာယာဝတီထောင်တွင်း ငွေညှစ်နေသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဦးစီးအရာရှိ သန်းဝင်း၊ဦးစီးအရာရှိ ကျော်လှိုင်မိုးနှင့် လက်ထောက်ကြည့်ကြပ်ရေးမှုး ချမ်းသာတို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။
Leave a Reply