နတ်မောက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို မိုင်းဆွဲမှု

နတ်မောက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊နတ်မောက်မြို့နယ် အရှေ့ခြမ်းသို့ ကံသာဘက်ခြမ်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် တပ် အင်အား ၃၀ ခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်သား ၆ ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

” တော်လှန်ရေးရဲဘော်တွေကတော့ မထိခိုက်ဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ သူပစ် ကိုယ်ပစ်တော့ ဖြစ်သေးတယ်။ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုက်ခဲ့တယ်”ဟု နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်(ပကဖ)၊ မြို့သစ်(ပကဖ)၊ ကျားသစ်နက်တပ်ဖွဲ့(ဗိဿနိုး)၊ ငါးပြေမတပ်ဖွဲ့၊Aung San Lant၊ ကြိုးကြာနီတပ်ဖွဲ့(ဗိဿနိုး) အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *