အောင်ပင်လယ်တွင် စစ်တပ်က နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ်ပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်တွင် စစ်တပ်က နေ့ခင်းကြောင်တောင် ဧည့်စာရင်းဝင်စစ်ပြီး ပြည်သူ ၁၀ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်)နံနက်၉ နာရီခန့်မှစတင်ကာ စစ်ကောင်စီတ​ပ်က အင်အားအများအပြားဖြင့် အောင်ပင်လယ်ရပ်၊ ရွာလယ်လမ်းမဝန်းကျင် နေအိမ်များအား ဝင်ရောက် ဧည့်စာရင်းစစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧည့်စာရင်းစစ်ပြီးနောက် လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဧည့်စာရင်းတိုင်ထားတဲ့စာရင်းတွေနဲ့ လိုက်စစ်တာ။ နေ့ခင်းကြီး ဧည့်သည်လာနေရင် ဘယ်လိုများလုပ်ကြမလဲမသိဘူး။ နယ်တွေဘက်ကလူတွေအဓိကစစ်တာ။ လူတွေ ဘယ်သူမှလည်း အပြင်မထွက်ရဲကြဘူး။”ဟု အောင် ပင်လယ်ရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသောလူငယ်များအား စစ်တပ်ထံ ငွေပေး၍ ပြန်ထုတ်ရမည်ဟုသိရကြောင်း ဒေသခံအချို့က ပြောသည်။

ဧည့်စာရင်းလာစစ်သည့်အဖွဲ့တွင် စစ်သား၊ ရဲ၊ထွေအုပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ၃၀ ထက်မနည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မန္တလေးမြို့ပြင် ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့ကိုလည်း မကြာခဏ ဝင်ရောက်စစ်ဆေးလေ့ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *