“ဟိုပုံးတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် အကြမ်းဖက်စစ်သား ၁၆ ဦး သေဆုံး”

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် အကြမ်းဖက်စစ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က လုံခြုံရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်လာသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊

ယင်းနောက် တိုက်ပွဲဖြစ်ပွားရာ နေရာကို PNLA စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း ၁၆ လောင်း ကျန်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း၊

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်း ကျည်ဆံ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က တရားဝင် သတင်းထုတ်ပြန်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *