ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ သီလုံးရွာရှိ ပျူစောထီး အထိုင်စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ဆိုင်း တိုက်ခိုက်ခဲ့စဉ် ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်၊ ကျည်တချို့၊ ဗောက် ၅ ဗောက်၊ ဗုံးသီး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် သီလုံးကျေးရွာမှ အရပ်သား ပြည်သူ ၈ ဦးကို ပျူစောထီးများက မတရား ဖမ်းဆီး သတ်ဖြတ်ခဲ့သောကြောင့် Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FORE EYE၊ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

💥 Mission ထုတ်ပြန်ခြင်း💥

၂၆/၂/၂၀၂၄ ရက်နေ့ ရွှေဘိုမြို့နယ်

သီလုံး ပ.သ.စ ကျေးရွာ ထိုင်စခန်း

ကင်းလှည့်ချိန် တွင်းသတင်းအရ သိရှိထားခြင်းကြောင့်

သွားရောက်စောင့်ဆိုင်းနေစဉ် ညနေ(၆)နာရီ ပျူ သုံ၊းကောင် ကင်လှည့်အလာ သင့်စောင့်ကြိုတို၊က်ခဲ့ရာ နေရာမှာပင် ပွဲချင်၊းပီး ရှင်းလင်းနိင်ခဲ့၊လန၊(၃)လက် ကျည်တစ်ချို့၊ဗောက်(၅)ဗောက်၊ဗုံ၊းသီ၊းနှစ်လုံး၊ သိမ်းဆည်းနိင်ခဲ့ တလရ ရဲဘော်များ မိဘပြည်သူများပေးသေား မေတ္တာကြောင့် ထိခို၊က်မရှိအောင်မြင်စွာရောက်ရှိခဲ့တယ်ဗျ ကျေးရွာနေပြည်သူအား

နိင်ကျင့် ဆပ်ကြေးကောက် အိုးအိမ်ဖျက်ဆီး သီလုံးကျေးရွာ ရပ်သားပြည်သူ (၈)ဦးကိုလဲ သီလုံး ပ.သ.စ

များက မတရားဖမ်းဆီး သတ်ဖြတ်ထားသေားကြောင့် ယခု mission ကို Shwebo Crocodile ၊ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FORE EYE၊ တို့ဖော်ဆောင်ခဲ့ပါတယ်ဆက်လက်ပြီး ဘုံရန်သူ စ.က.စ၊ ပ.သ.စ များကို

လက်တုံ့ပြန် မြစ်ဖြတ်ချေမှုန်းမည်ဖြစ်ကြောင်း မိဘပြည်သူများအား တရမျှတမှု ရယူပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Shwebo Crocodile

Leave a Comment