ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးအနီးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ မြို့နယ်တရားရုံးအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ၊ ရွှေနှင်းဆီလမ်းတွင် နေထိုင်သူပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မရမ်းကုန်းမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်မဟာမိတ် Yangon Victory Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုမှာ စစ်မှု မထမ်းမနေရ ဥပဒေ ထုတ်ပြန်လာခြင်းအပေါ်လုံးဝ(လုံးဝ)ကန့်ကွက်ရူံ့ချသည့်အနေဖြင့်လည်းကောင်း၊ပြည်သူလူထုနှင့်လူငယ်ထုကိုယ်စားမခံမရပ်နိုင်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သော တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မရမ်းကုန်းမြို့နယ်တရားရုံးကို တိုက်ခိုက်ရာတွင် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်မည်မလို လားသဖြင့် ရုံးချိန်ပြင်ပတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- မရမ်းကုန်းမြို့နယ် တရားရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)
Leave a Reply