မြန်မာစစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကို စစ်ပွဲဆင်နွှဲဖို့ ကြိုးပမ်းနေဟု ဆို

မြန်မာစစ်ကောင်စီဟာ နည်းပရိယာယ်အမျိုးမျိုးသုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ပွဲဆင်နွှဲဖို့ ကြိုးပမ်းနေ တယ်လို့ လျှပ်တပျက်တိုက်ခိုက်ရေးတပ်ရင်း (RAB) ညွှန်ကြားရေးမှူး အမ်ခါရှက်ဒ်ဟော့စိန်က ပြောကြားလိုက်ပါ တယ်။

“ရိုဟင်ဂျာတွေ ကျူးကျော်ဝင်ရောက်တာကစပြီး မြန်မာစစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြဲ သွေးထိုးနေပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ သဘောထားကြီးမှုကြောင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းခဲ့ပါ တယ်” လို့ သူက ဆိုပါတယ်။

“အခုချိန်မှာ စစ်ဖြစ်ရင် တိုင်းပြည် နိဂုံးချုပ်တာပါ။ မြန်မာနိုင်ငံမှာ လက်ရှိ စစ်ကောင်စီ အုပ်ချုပ်နေပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီက အခြေအနေကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခရောက်အောင် လုပ်ချင်နေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ အဓိကလမ်းကြောင်းဖြစ်တယ်လို့ သူက ဆိုပြီး နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

“မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဟာ အခုအခါမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ မြန်မာလမ်း ကြောင်းကို ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ပိတ်ပစ်ရပါမယ်။ မူးယစ်ဆေးဝါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီး မားဆုံး စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဘယ်သူမဆို မူးယစ်ဆေးဝါး ကုန်သွယ်ပြီး နေ့ချင်းညချင်း ကြီးပွားလာနိုင်ပါ တယ်။” လို့ သူက ထောက်ပြပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အလွှာအသီးသီးမှာ မူးယစ်ဆေးစွဲနေသူတွေ၊ မူးယစ်ကုန်သည်တွေ ရှိနေပါတယ်။ မူးယစ်ဆေးဝါးကို အဖွဲ့အစည်းတစ်ခုတည်းက အမြစ်ပြတ်ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး” လို့ အမ်ခါရှက်ဒ်ဟော့စိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့အေအေကြား တိုက်ပွဲတွေကြောင့် စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Shapuree Dwip မှာ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာဘက်ခြမ်းမှပစ်ခတ်တဲ့ မော်တာကျည်တွေ ကျရောက်ခဲ့တာကြောင့် နှစ်ဉီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကန့်ကွက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ် ကောင်စီခန့် မြန်မာသံအမတ် ဉီးအောင်ကျော်မိုးကို ဆင့်ခေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md Monwar Hossain ကလည်း ထိုကိစ္စကို ဆွေး နွေးဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၃ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။

ကိုးကား – Dhaka Tribune

Ref; RAB DG: Myanmar trying to wage war against Bangladesh


Comments

Leave a Reply

Your email address will not be published. Required fields are marked *