မြောက်ခင်းရန်းရွာမှ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်/ ပျူစောထီးပူးပေါင်း စစ်ကြောင်း ကို ဂန့်ဂေါ PDF က ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု ရန်သူ ၁၅ ဦးသေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှ စစ်ကြောင်းထိုးရန်ချီ တက်လာတဲ့ အကြမ်းဖက်စစ်တပ်/ပျူစောထီး အင်အား ၂၀၀ ဦးခန့်ရှိတဲ့ ရန်သူစစ်ကြောင်းအား ဂန့်ဂေါခရိုင် အမှတ် (၁)တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ ဒရုန်းအသုံးပြုပြီး၊ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရန်သူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ်(၁)တပ်ရင်းထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၇ နာရီမှာ စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း (၁/၇/၁၂) ဒရုန်းတပ်ဖွဲ့ ဝင်များမှ ဒရုန်းအသုံးပြုဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်း ဗီဒီယိုဖိုင်အား အသိပေးထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြောက်ခင်ရန်းကျေးရွာမှ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက် ၇ နာရီ၊ မိနစ် ၃၀အချိန်မှာ စစ်ကြောင်းထိုးလာတဲ့၊ ရန်သူ စစ်ကြောင်းအား ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ရင်း (၁/၇/၁၁/၁၂/၁၄/၁၉)များ၊မြို့နယ် ပကဖ၊ ABSDF ညီနောင်ပူးပေါင်း စစ်ကြောင်းများမှ လက်ဦးမှု ရယူကာ အချိန်မီ ကာကွယ်နိုင်ခဲ့နိုင်တယ်လို ဆိုပါတယ်။

ရန်သူစစ်ကြောင်းမှ အထိခိုက်ကျဆုံးမှုများပြာခဲ့တဲ့အတွက် အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အသိ ပေး ဖော်ပြထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *