ကလေးတက္ကသိုလ်က “ပြည်သူ့သစ္စာဖောက်” တွေကို စံနမူနာပြ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်

ကလေးတက္ကသိုလ်က နန်ဖိုးနန်းမ ၁၄၀ ဝန်းကျင်ကို လက်ရှိအချိန်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရတယ်။ ဒီနေရာမှာ CDM မလုပ်ခဲ့တဲ့ သာမန် နန်းဖိုနန်းမတွေကို ဘာမှ ထွေထူးပြီး ပြောစရာ မရှိပေမယ့်-

မင်းအောင်လှိုင် အာဏာရုးထပြီးနောက်ပိုင်းမှ နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ နေရာကို နောက်ဖေးပေါက်ကနေ အစားထိုး ဝင်လာပြီး စစ်ကျွန်လုပ် လူပါးဝနေတဲ့ “ပြည်သူ့သစ္စာဖောက်” အောက်တန်းစားကောင်တွေ ပါလာနိုင်ပါတယ်။

ရှင်းရှင်းပြောရရင် ဒီလိုကောင်တွေကမှ တကယ့်ကို ရွံစရာကောင်းတဲ့ ပြည်သူ့သစ္စာဖောက်၊ တိုင်းပြည်သစ္စာဖောက် လောက်ကောင် အစစ်တွေပါ။

အကယ်၍ လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကလေးတက္ကသိုလ်က နန်းဖိုနန်းမ ဆရာ/မ၊ ရုံးဝန်ထမ်းတွေထဲမှာ-

၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းမှ အလုပ်ဝင်လာခဲ့တဲ့ ပြည်သူ့သစ္စာဖောက်တွေ ပါလာခဲ့ရင် ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါလိမ့်မယ်။

ဒါမှသာလျှင် ကိုယ်ကျိုးစွန့်ပြီး ပြည်သူကို မျက်နှာမူခဲ့တဲ့ CDM တွေရဲ့ ပြည်သူ့အပေါ် သစ္စာရှိမှုကို ထောက်ထားညှာတာပြီး အသိအမှတ်ပြု လေးစားရာ ရောက်မှာပါ။ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း 4C Channel ကနေ အလေးအနက် တောင်းဆိုပါတယ်။

ထပ်ပြီး ပြောပါမယ်။

“ပြည်သူ့သစ္စာဖောက်” လောက်ကောင်တွေကို တော်လှန်ရေးကာလ စည်းမျဉ်းတွေအရ စံနမူနာပြ ပြတ်သားစွာ အရေးယူပေးဖို့ “ပြည်သူ့သားကောင်း CDM ဝန်ထမ်းတွေ ကိုယ်စား” လေးလေးနက်နက်နဲ့ ထပ်မံ တောင်းဆို တိုက်တွန်းပါတယ်။

ပြည်သူ့ အရေးတော်ပုံ မုချ အောင်ရမည်!!!

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top