မုံရွာတွင် စစ်ကောင်စီအတွက် ရိက္ခာလာသယ်သည့် ပျူစောထီးအဖွဲ့ကို စောင့်ကြိုတိုက်ခိုက်၊ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အတွက် ရိက္ခာလာရောက်သယ်ဆောင်သူ ပျူစောထီးအဖွဲ့ကို ယမန်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု စစ်ဆင်ရေးဖော်ဆောင်သည့်အဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့ရှိ စစ်ကောင်စီအထိုင်ဂိတ်တစ်ခုဖြစ်သော စွမ်းရည်ထက်ဆီဆိုင်မှစစ်ကောင်စီတပ်သားများအတွက် မြို့ပေါ်သို့ ရိက္ခာလာရောက်သယ်ဆောင်သည့် ပျူစောထီးအဖွဲ့ဝင် လေးဦးကို တောပုပျူရွာအနီးတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သတင်းအရ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီး(၃)ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ပျူမိန်းမတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း မုံရွာခရိုင် အမှတ် ၇ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံမှပြောသည်။

“သူတို့ရွာအဝင်ဆိုင်းဘုတ်မှာ ပစ်ခတ်ခဲ့တာပါဗျ။ ဖြစ်ပြီး တစ်နာရီကျော်လောက်ထိ အလောင်းလာမကောက်လို့ မုံရွာ-မန္တလေး အမြန်လမ်းမပေါ်မှာတင် သူတို့စီးခဲ့တဲ့ ဆိုင်ကယ်တွေရော၊ သူတို့ အလောင်းတွေရော မီးရှို့လိုက်တာပါဗျ” ဟု ယင်းတာဝန်ခံက ပြောသည်။

သေဆုံးပျူစောထီး(၃)ဦးထံမှ ဆိုင်ကယ်(၃)စီး၊ ဖုန်း(၂)လုံး၊ ပိုက်ဆံ(၄)သိန်းကျော်၊ ယူနီဖောင်း(၁)ထည်နှင့် ရိက္ခာခြောက်များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း(၇)နှင့် (၄)၊ Special force-11၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊ Area-71၊ မုံရွာခရိုင်တပ်ရင်း(၂၁)တပ်ခွဲ(၃) ပူးပေါင်းအဖွဲ့က ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဂိတ်မှ တောပုပျူကျေးရွာသို့ ဆိုင်ကယ်(၃)စီးဖြင့် ရိက္ခာသယ်ပြန်လာသော ပျူစောထီး(၃)ဦးနှင့် ပျူမိန်းမ(၁)ဦးအား မုံရွာခရိုင်တပ်ရင်း(၇)နှင့် မုံရွာခရိုင်တပ်ရင်း(၄)၊ Special force-11၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊Area-71၊ မုံရွာခရိုင်တပ်ရင်း(၂၁)တပ်ခွဲ(၃) ပူးပေါင်းအဖွဲ့မှ နေ့လည် (၁၂)နာရီ(၁၅)မိနစ် အချိန်ခန့်တွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး(၃)ဦး နေရာတင်သေဆုံးပြီး ပျူမိန်းမတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

ပျူစောထီး(၃)ဦးထံမှ ဆိုင်ကယ်(၃)စီး၊ဖုန်း(၂)လုံး၊ပိုက်ဆံ(၄)သိန်းကျော်၊ယူနီဖောင်း(၁)ထည်နှင့် ရိက္ခာခြောက်များသိမ်းဆည်းရရှိခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *