မပခတိုင်းမှူး နဲ့ ကီယာကိုတော့ မအလက ထိပ်တိုက်ပေးတွေ့လိုက်ပါပြီ

မပခတိုင်းမှူး နဲ့ ကီယာကိုတော့ မအလက ထိပ်တိုက်ပေးတွေ့လိုက်ပါပြီ။ရှမ်းမြောက်က မိုးမိတ်နဲ့ မဘိမ်းဟာ စစ်တိုင်းနယ် မြေ ခွဲဝေပုံအရ မပခ ဧရိယာထဲပါတာမို့ မပခတိုင်းမှူး လက်ထဲ ရောက်တာပါ။မဘိမ်းဟာ ကီယာတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတစ်ခုလို့ ဆိုရင်ရပါတယ်။မနေ့က မဘိမ်း ငါးအိုးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ကီယာတို့ ထိတွေ့မှု အနည်းငယ် ရှိခဲ့ပါသေးတယ်။စကစဘက်က‌ မွင်းနား ၂ပွဲ အနည်းဆုံးပါ။တစ်ဆက်တည်း ကီယာတို့ ဖားကန့် မြို့သိမ်းစစ်ဆင်ရေး‌ အကောင်အထည်ဖော်တဲ့ပုံပါ။

ကချင်မြေရဲ့ အသဲနှလုံး ဖားကန့် တပ်မ ၃၃ နဲ့ ကီယာတို့ အားစမ်းပါပြီ။ဒါပေမယ့် လောပန်းတို့ ၀င်ထိန်းသွားမလားပေါ့။ထိန်းလည်း ရမယ့်ပုံ မရှိနိုင်ပါ။စကစက ကီယာတို့ရဲ့ တပ်မဟာ ၉ ကို လေကြောင်းတိုက်ခိုက်မှု လုပ်နေပါပြီ။ဟိုပင်မှာ တိုက်ပွဲပြင်းပါတယ်။စကစတို့ သတင်းလက်ဦးပုံရပါတယ်။သတင်းကြိုရလို့ မြေတူးစက်နဲ့ ကြိုတင်ဖျက်ထားသ လို မနက်ပိုင်း ဖားကန့်တိုက်ပွဲတွေကြောင့် ဟိုပင် နန်းမားတပ်တွေ Alarm ဖြစ်နေတော့ Surprise မရလိုက်ပါဘူး။

ကီယာတို့ နောက်မဆုတ်ပါဘူး။လ ၄၀ ထဲက လက်နက်ကြီးနဲ့ တရစပ် ပစ်နေတာမို့ မြေနုနဲ့ တောင်အင်းဘက်မှာ ပြန်စုဖွဲ့နေပါတယ်။စီခမ်းကြီးအထက် သံတံတားရွာမှာတော့ မံစီကနေ တက်လာတဲ့ စကစ စစ်ကြောင်းကို ကီယာတို့ ဆော်လိုက်ပါသေးတယ်။ရွာတွင်းမှာ ထိတွေ့မှုမဖြစ်လိုတဲ့ ကီယာတို့ စကစရဲ့ စစ်ကြောင်းနဲ့ ပြန်ခွာလိုက်ပုံရပါတယ်။စကစ တပ်တွေ ဗန်းမော် စကခကို ပြန်စုနေတယ်လို့ မှန်းပါတယ်။

ညနေပိုင်းမှာတော့ မြစ်ကြီးနား ဝိုင်းမော်လမ်းမှာ ကိုလှရွှေတို့ရဲ့ အချုပ်ကားကို ကီယာတို့ ခြုံခို(Ambush)ပြီး ဗျင်းပါတယ်။ယာဉ်မောင်းကိုထိသွားပြီး ကားလည်း တုန်းလုန်းလဲနေတယ်ဆိုတော့။အချုပ်ကားထဲမှာ VIP ပါလို့ ဖြတ်ယူတာနဲ့ တူပါတယ်။

ရှမ်းမြောက် နောင်ချိုမှာ ထိတွေ့တိုက်ပွဲ မဖြစ်သေးပါဘူး။မကြာခင်‌တော့ ဖြစ်လာနိုင်ပါတယ်။သီပေါ မိုးတေတိုက်နယ် ပန်လန်း နားကြူးမှာ TNLA နဲ့ SSPP လက်ဝါးချင်းရိုက်ပါပြီ။TNLA ရဲ့ တပ်မဟာ ၂ အင်အားအပြည့်ကြီးပါ။ကွတ်ခိုင် ခိုမုန်းရွာ မှာ MNDAA တို့ စုဖွဲ့ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ရှမ်းမြောက်ရဲ့ လက်ရှိအနေအထားကတော့ စကစခမျာ မူဆယ်ဘဲ လာတိုက်မလား??လားရှိုးဘဲ ၀င်ဆောင့်မလား?? နွားအိုလန့် လန့်နေရတဲ့ အနေအထား ဖြစ်ကြောင်းပါ။

ရှမ်းတောင် PNLA နဲ့ ပူးပေါင်းအဖွဲ့တွေ တောင်ကြီးဘက်ကို စစ်ဦးတည်ထားပုံပါ။ဟိုပုန်း မိုင်းပွန်ကနေ တောင်ကြီးအထိ အတက် အဆင်းလမ်း ပိတ်ထားရပါတယ်။ဆီဆိုင်နဲ့ ဘန်းယဉ်မြို့တွေကိုတော့ မနေ့က မနက်အထိ လေကြောင်းတိုက် ခိုက်မှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ရှမ်းရှေ့ရွှေတြိဂံ တာချီလိတ်မှာတော့ ယူနန်ရဲနဲ့ ဗမာရဲ ချစ်ကြည်နူးနေဆဲပါလားဗျာ။

ဒကစလွိုင်ကော် တည်ရှိရာ လွိုင်ကော်မြို့သိမ်း စစ်ဆင်ရေးမှာတော့ စကစတပ်တွေဟာ ထွက်ပေါက်မရှိတဲ့ မြို့အတွင်းပိုင်းကို ဆုတ်ပြီးခံစစ်ဆင်နေပါတယ်။မြို့နေလူထုကို အကာ အကွယ်ယူတာပါ။လွိုင်ကော်မှာ ဒကစ ဌာနချုပ်အပါ ‌ခြေ လျင်ခြေမြန်တပ်ရင်း ၃ရင်း၊ အမြောက် ၁တပ် ၊စစ်ဆေးရုံ၁ရုံ ‌နဲ့ ထောက်ပို့တပ်ခွဲ၁ခွဲ အင်အားရှိပါတယ်။မြို့သိမ်းစစ်ဆင်ရေးမှာ စကစဘက်က အကျအဆုံးများသလို KNDF နဲ့ ပူးပေါင်းအဖွဲ့တွေဘက်မှာလည်း အဖိတ်အစင်ရှိပါတယ် ။

“ကရင်နီပြည်နယ်မှာ တပ်ရင်းတစ်ရင်းလုံး ဘက်ပြောင်းခိုလှုံမယ်”လို့ အစောပိုင်းက သတင်းထွက်ခဲ့ပါသေးတယ်။ယမန်နေ့ ၁၂ နာရီကနေ ၃နာရီခွဲသည်အထိ လွိုင်ကော် ဖယ်ခုံ ပင်လောင်း ၊ပင်‌လောင်း ဖယ်ခုံ ဘီလူးချောင်းအတိုင်း လွိုင်ကော်ဘက် ၄ ခေါက်တိတိ MI 17 နဲ့ လေကြောင်း အကဲကြည့်မှုတွေ လုပ်နေပါတယ်။

ကရင်ဘက်ကတော့ မင်္ဂလာသတင်းပါ။ကေနုလက်ထဲမှာ ကာမီကာဇီနဲ့ ငှက်ကင်တောင် ရနေပြီလားမသိ။မွန်ပြည်သစ်နဲ့ ပေါင်းပြီးချတော့မယ်နဲ့ တူပါတယ်။ဒင်္ဂါးဆိပ် ၊ကရင်လေးဆိပ်၊ ကျိုက်ကော်ဘက်ကို ဖထီးတို့ ယာဉ်တန်း ၅၀ လောက်နဲ့ ထွက်လာပါပြီ။ဖထီးတို့ရဲ့ ကြေငြာအားကို စကစတော့ အတော်ဖြုံနေပါပြီ။ပဲခူးတိုင်းထဲက တပ်တွေအားလုံး Alarm ပေးထာယပေမဲ့ခက်တာက အင်အားကမရှိ။

ကမ်းရိုးတန်း ရန်ကုန် မော်လမြိင်ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၁၃၅/၇ နဲ့ ၁၃၆ ကြား မိုးကောင်း တံတား အချိုးခံလိုက်ရပါတယ်။အချိုးခံရပြီး မကြာခင် ရွှေသံလွင်ကုမ္ပဏီက ချက်ချင်းလာပြင်ပါတယ်။ညနေပိုင်းကားတွေပြန်ဖြတ်လို့ရပြီလို့ သိရပါတယ်။မျက်စိမလည်နဲ့။ဟိုးအရင် ပြက်လုံးတွေလိုဘဲ “ဖျက်တာကတစ်ဖွဲ့ ပြင်တာက တစ်ဖွဲ့ ” ဆိုသလိုပေါ့။လမ်းဦးစီးတွေ ဂွင်တည့်တာပါ့။ဘီးလင်း ၊ကျိုက်ထို ၊သထုံကြောကနေ မြိုင်ကလေးကို ဖြတ်တောက်နိုင်လိမ့်မယ် ထင်ပါတယ်။ချစ်တုန်း မုန်းစကား မဆိုကြေးပါ။နယ်မြေခွဲရေး၊ တွဲရေး တွေနောက်မှရှင်းကြပါ။အခု စကစတပ်တွေကိုအရင်ရှင်းတာကောင်းပါတယ်။

ထား၀ယ် GTU ကို ရှင်းလင်းရေးလုပ်ပါတယ်။စကစတွေ တပ်စွဲထားပုံရမယ်။ဧရာ၀တီ လင်းပိုင်ဆိုပြီး Operation နာမည် စထွက်လာပါပြီ။

ရခိုင် ကမ်းနီကတော့ စစ်လော်ဘီများ ကြံ့ကြံ့ခံ တိုက်နေဆဲ ဖြစ်ပါတယ်🥴🥴🥴။စစ်တွေက လက်ဝှေ့ပွဲ ရလဒ်ကတော့ ဒိုင်စားပါတယ်။တိုင်းမှူးနဲ့ ဒကစမှူးတော့ စုံခုံမှာ ကြမ်းခင်း ဈေး ၁၄ နှစ်နဲ့ ၇ နှစ်ပါ။ရမ်းဗြဲကို AA တို့ ဆက်တိုးရင် ရနိုင်ပါလျက်နဲ့ တန့်သွားတယ်။စကစကလည်း ရမ်းဗြဲကို တပ်ကူရောက်အောင်ပေါင်းနိုင်လိုက်တယ်။ AA တို့ လေတပ်ကို အကဲစမ်းလိုတာလား။ကျောက်ဖြူအတွက် စကစ ရမ်းဗြဲကို အတင်းအကြပ် ကာကွယ်နေပုံပါ။

ရသေ့တောင်ဘက် အသံငြိမ်နေတယ်။ဘာပဲပြောပြော ဒီနေ့ ဖေဖော်ဝါရီလကုန်သွားပါပြီ။မြို့တော် စစ်တွေဘာလဲပေါ့။တစ်ချို့ပြောကြပါတယ်။ “AA စစ်တွေကို မရဘဲ စားပွဲဝိုင်းထိုင်မလား”ပေါ့နော်။ မလုံးဝဖြစ်နိုင်ပါဘူး။ရခိုင်လူထု ဆန္ဒသဘောထားကြောင့် ရအောင်ကို တိုက်ရပါလိမ့်မယ်။မတိုက်ခဲ့ရင် AA အပေါ် ရခိုင်လူထု ထောက်ခံမှု ကျသွားပါလိမ့်မယ်။အားလုံးရသွားပြီဆိုရင် ရှမ်းမြောက်လို ကြေငြာကောင်းကြေငြာပါလိမ့်မယ်။ဖမ်းဆီးရမိ စစ်သုံ့ပန်းတွေကိုတော့ တပ်ကြပ်ကနေ ဗိုလ်မှူးချုပ်အထိ စစ်ခုံရုံးတင်စစ်ပါလိမ့်မယ်။ AA ခေါင်းပေါင်း ကြိုပြောပြီးသားပါ။ဘယ်ဟာက လက်နက်ချ ၊ဘယ်ဟာက အလင်း၀င်ဆိုတာကို ကွဲကွဲပြားပြား ပြောဆိုခဲ့ပြီးပါပြီ။

စစ်ကိုင်း ဗန်းမောက် လုံးကင်းရွာမှာ စစ်ကြောင်းထိုး၀င်လာတဲ့ ၀မ်းဘဲအင်း ခမရ ၈ (တပ်မ၇၇ အောက် ၂၀၂၀ ရခိုင် မှာ ဒုရင်းမှူးအဖမ်းခံထိတဲ့တပ်) နဲ့ ရှမ်းနီပျူသူ့စစ်များနဲ့ ကီယာတို့ ထိတွေ့မှုရှိပါတယ်။ရွာထဲမှာ အလှူရှိနေတာကြောင့် ကီယာတို့ ရှောင်ပေးလိုက်ရသလို ဖြစ်သွားပါတယ်။ကောလင်းကျောက်တန်းမှာလည်း တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ကျောက်တန်းမှာ တိုက်ပွဲရှိနေပေမယ့် ကားတွေကတော့ ကွင်းလမ်း အမျိုးမျိုးကနေ ဖြတ်နေတာမို့ လမ်းပွင့်နေတာပါ။

ကလေးမြို့ ကိုCNDF တို့ ထိုးစစ်ဖွင့်နေဆဲပါ။စကစက GTC ထဲ မှာ အမြောက်စခန်းလုပ်ထားတယ်။ပြီးရင် ကျောင်းကို ၀င်တိုက်ပါတယ် လုပ်ပါလိမ့်မယ်။အရာတော်ကိုတော့ စကစ စိုးမိုးနိုင်မယ့် Plan မရှိသေးပါ။တန့်ဆည်မှာတော့ လွန်ခဲ့တဲ့ ရက်တွေက ကံထူးမစံပြရွာကို ရဲစခန်း၀င်စီးခံရတဲ့ အငြိုးနဲ့ ပျူသူ့စစ်တွေ မီးတိုက်ဖျက်စီးနေပါတယ်။မော်လူးမှာလည်း ရှမ်းနီပျူသူ့စစ်နဲ့ စကစတပ်များ ထိုးစစ်မရပ်‌သေးပါ။ကာကင်းတစ်ချို့ လက်လွှတ်ထားရတဲ့ အခြေအနေဖြစ်ပါလိမ့်မယ်။

နေပူတော် အဆောင် ၇ ကကထုတ် စစ်ရုံးမှာ မူးယစ်ဆေးပြဿနာကြောင့် အမျိုးသမီးစစ်သည် ၁ဦး ရန်ကုန် အင်း လျားလိတ် ဟိုတယ်အနီး ချော်တွင်းကုန်း ၁၀၆မှတ်တိုင်က ကထပ တပ်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ကပထတပ်ဟာ သီလဝါကနေ လက်နက်၊ကုန်ကြမ်းနဲ့ စက်ပစ္စည်းတွေ အဓိ ကထိန်းသိမ်းဖြန့်ဖြူးတဲ့နေရာပါ။စစ်ရုံးချုပ်က အရာရှိစစ်သညတွေဟာ စစ်ဘက် မူလတာ၀န်တွေအပြင် လုံခြုံရေးကိစ္စကိုပါ နေ့ညမပြတ် ထမ်းဆောင်နေရတာရယ်။တပ်အပြင်လုံး၀မထွက်ရလို့ ဒီလိုပြဿနာတွေ ပိုများနေတာပါ။ကကထုတ်တပ်ဖွဲ့ဟာ ဟိုးအရင်တည်းက လူမှုရေးပြဿနာတွေကြောင့် အရာရှိခွင့်မဲ့မှုတွေ အများဆုံးဖြစ်လေ့ရှိပါတယ်။

အခု အမျိုးသမီးတွေ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းထားတာကလည်း စကစဟာ သူ့လူသူ ပြန်ထိန်းရ ခက်မှာစိုးလို့ ဖြစ်ပါတယ်။မတ်လ ၂၇ ရက်နေ့ စစ်ရေးပြပွဲကြီးကတော့ “အားလုံးနေပူတော်သို့”ဆိုတဲ့ ကြေငြာချက်တွေ ကြားကနေ ဘယ်လိုပွဲထွက်လာမယ် မသိရသေး။စစ်တီးဝိုင်း ပြိုင်ပွဲတွေကတော့ ပြီးသွားပြီ။ဒီလို မဖြစ်ညစ်ကျယ် အကွက်တွေက မအလကြီးရဲ့ သာ၀ကတွေ အရမ်းကျွမ်းတယ်။အဲဒီပွဲသာ သေချာပေါက်လုပ်ပါစေ။ရခိုင်က ငတိတွေ စိတ်ဆိုးပြီး အကုန်တပြိုင်နက် လက်နက်ချပါလိမ့်မယ် မယုံရင်စောင့်ကြည့်ပေးပါ။

စာကြွင်း။ ။ကျနော့ရဲ့ သုံးသပ်ချက်တွေဟာ စကစအတွက်တော့ ခွေးသားရေပိုဒ် ဖြစ်နေပါလိမ့်မယ်။

ဇင်ယော်

၂၀၂၄ ဖေ ၂၉ ၀၇၂၀


Comments

Leave a Reply

Your email address will not be published. Required fields are marked *