“ရန်ကုန်မှာပြန်ဆုံမယ်”လှုပ်ရှားမှု ပြုလုပ်

ဖေဖော်ဝါရီ ၂၉ ရက်

ရန်ကုန်မြို့လယ်နှင့် လူစည်ကားရာနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ လူငယ်များက ဦးဆောင်၍ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၉) နံနက်က ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီ၏ ပြန်ပေးဆွဲမှုများ၊ လူသားဒိုင်းအဖြစ်အသုံးချရန် အဓမ္မစစ်တပ်အတွင်းသို့ သွတ်သွင်းမှုများကြောင့် လွတ်မြောက်ဒေသနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်တွင် အမြန်ပြန်ဆုံမည့် ရည်ရွယ်ချက်နှင့် ရေဘဝဲ အဖွဲ့အစည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ရေဘဝဲအဖွဲ့က ဆိုသည်။

ဓာတ်ပုံ – Octopus


Comments

Leave a Reply

Your email address will not be published. Required fields are marked *