ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖ ကြေညာ

ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖက တရားဝင် ကြေညာလိုက်သည်။

ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ရန်ကုန်မြစ်အတွင်းမှ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး လေယာဉ် ဆီချရန် ​စောင့်ဆိုင်း​နေ​သော Jet A1 ​လေယာဥ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်းပကဖ (​​ရေငုပ်အထူးတပ်ဖွဲ့)က ချိန်ကိုက်TNT မိုင်း အသုံးပြု၍ ​ပေါက်ကွဲမှုဖြစ်​စေရန် မစ်ရှင်​ဆောင်ရွက်ခဲ့ခြင်း ဖြစ်​ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြု​ပြောကြားသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ ရက် ​လောက်တည်းက မြစ်ဝ​ရောက်​နေတာ။ အရင်က သီလဝါကိုပဲ ကပ်​နေတဲ့ ​လေယာဥ်ဆီတင်သင်္ဘော​တွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါ​ကြောင့် သင်္ဘော​ရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ​ရေငုပ်ကျွမ်းကျင်ရဲ​ဘော်​တွေက မစ်ရှင်​ဖော်​ဆောင်ဖို့ ​စောင့်​နေခဲ့ကြတာ။ မ​နေ့က ၂၉ ရက်​နေ့ည ၈နာရီ​လောက်မှာ ဒီမစ်ရှင်အတွက် စနစ် တကျပြင်ဆင်​စေလွှတ်ပြီး သင်္ဘော​ပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ​ကို အ​​ငွေ့ ကန်နား ထားခဲ့နိုင်ပါတယ်။ လုံခြုံ​ရေး​တွေ ​သတိမပြုမိ​အောင်ရယ် ကိုယ့်လူ​တွေ Safety ဖြစ်​အောင်ရယ် အချိန် ၅ နာရီ​​လောက် Timer ​ပေးခဲ့ရတာပါ။ ည ၁ နာရီ၄၅ ​လောက်မှာ ​ပေါက်ကွဲ​အောင် ထားခဲ့တာ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက ​အ​ငွေ့ကန်ကို ကပ်နိုင်​အောင် ပညာရှင်​တွေနဲ့​သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုး စား ခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် တော်လှန်ရေးရဲဘော်များ လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရဲ​ဘော်​တွေ လုံခြုံစိတ်ချရတဲ့​နေရာ ​ရောက်မှ သတင်းထုတ်ပြန်မှုလုပ်ရခြင်းဖြစ်ပါတယ်။ အခု မစ်ရှင်​ကြောင့် စကစ ဟာ အထိနာခဲ့ပြီး ​လေယာဥ်ဆီပြတ် လပ်မှုဖြစ်သွားနိုင်လို့ ​တော်လှန်​ရေးအင်အားစု​တွေ လုပ်စရာရှိတာ အားစိုက်လုပ်ကြဖို့ အ​ရေးကြီး​ကြောင်းတိုက်တွန်းထားပါတယ်။အဆိုပါ မီးလောင်ပေါက် ကွဲ​တဲ့သင်္ဘောကို မနက် ၄ နာရီကျော်မှာတွန်းသင်္ဘောနဲ့ ရန်ကုန်မြစ်ဝဘက်ဆွဲသယ်ပြီး အစဖျောက်ထားတယ်လို့ သိရပါတယ်” ဟု ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူက ရှင်းပြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *