ရေစကြိုမြို့က စစ်အုပ်စု ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ရေစကြိုမြို့ပေါ်မှာ ဂိတ်အစောင့်ကျနေတဲ့ စစ်အုပ်စု ရဲတပ်ကြပ်ကြီးတစ်ယောက် မနေ့က ညနေပိုင်း ဂိတ်ကနေ ထွက်ပြေးလာပြီး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ(၂၉)ရက် မနေ့က ညနေပိုင်းပိုင်း ရေစကြိုမြို့နယ် နံ့သာဟေဝန် ပန်းခြံမှာ ဂိတ်ဖွင့်အထိုင်ချနေတဲ့ စစ်အုပ်စုထဲက ရဲတပ်ကြပ်ကြီးတစ်ဦးဟာ ရေစကြို ပကဖ၊ ချင်းတော်လှန်ရေးတပ် – C.D.F (ဟားခါး)၊ B2,C5(Gangaw) တပ်တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ဖို့အတွက် လက်နက်နဲ့အတူ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ကြပ်မှာ အသက်(၅၀)ကျော်ရှိပြီး ရဲသက်တမ်း (၂၈)နှစ်ရှိသည်။

“ရေစကြိုမြို့နယ်တွင် ပြည်သူ့ရင်ခွင် ခိုလှူံရန် ကျန်ရှိနေသော အရာရှိ၊ အကြပ်၊ စစ်သည်များ အနေဖြင့်လည်း ဘေးကင်း လုံခြုံသော လူနေမှူဘဝတွင် လွတ်လပ်စွာ နေထိုင်နိုင်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)သို့ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

“သူ့ရဲ့မိသားစုက အပြင်မှာရှိတယ်။ သူ့သားသမီးတွေ မျက်နှာမငယ်ဖို့အတွက် အလင်းဝင်ရောက် တာလို့ပြောတယ်။”ဟု ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲတပ်ကြပ်သည် လက်ရှိတွင် လုံခြုံစိတ်ချရသည့်နေရာတွင်ရှိနေပြီး ၎င်းအား ဆုချီးမြှင့်ရန် ပကဖက စီစဥ်နေသည်။

နိုင်ငံတဝန်းက စစ်အုပ်စု လက်နက်ကိုင် ရဲ၊ စစ်သား၊ ပျူတွေဟာ နေ့စဉ်နဲ့အမျှ စစ်အုပ်စုကို စွန့်ခွာပြီး တော်လှန်ရေးဘက် ဘက်ပြောင်းပါဝင်လာနေကြတာ ဖြစ်ပါတယ်။

ရေစကြိုမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ကျန်ရှိနေသော အရာရှိ၊ အကြပ်၊ စစ်သည်များအနေဖြင့်လည်း ဘေးကင်းလုံခြုံသောလူနေမှူဘဝတွင် လွတ်လပ်စွာနေထိုင်နိုင်ရန် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပကဖက အသိပေးထားသည်။

ရဲတပ်ကြပ်ယူဆောင်လာသော သေနတ်နှင့်ကျည်များအား တွေ့ရစဥ်။ (ဓာတ်ပုံ-ရေစကြိုပကဖ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *