လေယာဥ်ဆီတင် MVသင်္ဘောအား ရန်ကုန်တိုင်းပကဖ(​​ရေငုပ်အထူးတပ်ဖွဲ့)က ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု အတည်ပြု

ရန်ကုန်မြစ်အတွင်းမှ MEC ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ဆီချရန်စောင့်ဆိုင်း​နေ​သော Jet A1 ​လေယာဥ်ဆီတင် MV သင်္ဘောအား ရန်ကုန်တိုင်းပကဖ(​​ရေငုပ်အထူးတပ်ဖွဲ့)မှ ချိန်ကိုက် TNT မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်း အဆိုပါ ပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြု​ပြောကြားသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ရက် လောက်တည်းက မြစ်ဝ​ရောက်​နေတာ။ အရင်က သီလဝါကိုပဲ ကပ်​နေတဲ့ ​လေယာဥ်ဆီတင်​တွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါ​ကြောင့် သင်္ဘော​ရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ​ရေငုပ်ကျွမ်းကျင်ရဲ​ဘော်​တွေက မစ်ရှင်​ဖော်​ဆောင်ဖို့ ​စောင့်​နေခဲ့ကြတာ”ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်​ ည ၈နာရီ​တွင် ဒီမစ်ရှင်အတွက် စနစ်တကျပြင်ဆင်​ဆောင်ရွက်ခြင်းဟု ၎င်းက ဆိုသည်။

“သင်္ဘော​ပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ​ကို အ​​ငွေ့ကန်နား ထားခဲ့နိုင်ပါတယ်။ လုံခြုံ​ရေး​တွေ ​သတိမပြုမိ​အောင်ရယ် ကိုယ့်လူ​တွေ safety ဖြစ်​အောင်ရယ် အချိန် ၅နာရီ​​လောက် timer ​ပေးခဲ့ရတာပါ။ ည ၁နာရီ၄၅ ​လောက်မှာ ​ပေါက်ကွဲ​အောင် ထားခဲ့တာ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက ​အ​ငွေ့ကန်ကို ကပ်နိုင်​အောင် ပညာရှင်​တွေနဲ့​သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုးစားခဲ့ရတာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မစ်ရှင်ဆောင်ရွက်သည့် ရဲ​ဘော်​များ လုံခြုံစိတ်ချရသည့်နေရာ ရောက်မှ သတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အခု မစ်ရှင်​ကြောင့် စကစ ဟာ အထိနာခဲ့ပြီး ​လေယာဥ်ဆီပြတ်လပ်မှုဖြစ်သွားနိုင်လို့ ​တော်လှန်​ရေးအင်အားစု​တွေ လုပ်စရာရှိတာ အားစိုက်လုပ်ကြဖို့ အ​ရေးကြီး​ကြောင်းတိုက်တွန်းထားပါတယ်”ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ပေါက်ကွဲ​သည့်သင်္ဘောကို နံနက်၄နာရီကျော်တွင် တွန်းသင်္ဘောဖြင့် ရန်ကုန်မြစ်ဝဘက်ဆွဲသယ်ပြီး အစဖျောက်ထား​သည်ဟု ရန်ကုန်တိုင်းပကဖက ဆိုသည်။

အဆိုပါ ဆီတင်သင်္ဘော ပေါက်ကွဲသံကို ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ မရမ်းကုန်း အပါအဝင် တစ်မြို့လုံးနီးပါး ကြားရကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးက ဆိုသည်။

“ညက ၂ နာရီလောက်က ပေါက်ကွဲအသံအကျယ်ကြီး ကြားလိုက်ရတယ်။ ​ကျွန်တော်တို့ ကြည့်မြင်တိုင် ၊ စမ်းချောင်းဘက်တင် မကဘူး မြို့ထဲဘက်တွေ၊ မရမ်းကုန်းနဲ့ အင်းစိန်ဘက်က သူတွေတောင် ကြားရတယ် ပြောတယ်။ အသံကတော်တော်ကျယ်ပြီး အိမ်တောင်တုန်သွားလို့ လူကြီးတွေတောင် လန့်နိုးတယ်။ လူထိခိုက်မှု ရှိတယ်လို့လည်း သိရတယ်။ မီးသတ်ကားတွေ လူနာတင်ကားတွေ သွားနေတာ တွေ့လိုက်ရတယ်”ဟု ကြည့်မြင်တိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဒဏ်ရာရသူ ရှိပါတယ်ဗျ။ ခေါင်းကွဲတာ”ဟု သဘော်ပေါ်တွင်ရှိနေသူတစ်ဦး ထိခိုက်ဒဏ် ရာရရှိမှုအခြေအနေကို မီးသတ်သမားတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၂ နာရီ ၂၃မိနစ်က ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ရာ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၃ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ကာ ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း စစ်​ကောင်စီ၏ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်မြစ်အတွင်း မီးလောင်ပေါက်ကွဲခဲ့သည့် သင်္ဘောသည် လေယာဉ်ဆီများ တင်ဆောင်ထားသည့် သင်္ဘောဖြစ်ပြီး ရန်ကုန်တိုင်း ပကဖ ရေငုပ်အထူးတပ်ဖွဲ့က ဖောက်ခွဲခဲ့ခြင်းဖြစ်

ရန်ကုန်မြစ်အတွင်းရှိ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီးဆီချရန် စောင့်ဆိုင်းနေသည့် Jet A-1 လေယာဉ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရန်ကုန်ပကဖ)ရေငုပ်အထူးတပ်ဖွဲ့မှ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်းရပ်ထားသည့် လေယာဉ်ဆီတင် သင်္ဘောကို ယနေ့ မတ် ၁ ရက်နေ့ နံနက် ၂ နာရီ၀န်းကျင်တွင် ပေါက်ကွဲမှုဖြစ်စေရန် TNT မိုင်းအသုံးပြု၍ မစ်ရှင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ပကဖတာ၀န်ရှိ သူတစ်ဦးထံက သိရသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မြစ်၀ရောက်နေတာ။ အရင်က သီလဝါကိုပဲကပ်နေတဲ့ လေယာဥ်ဆီတင်တွေ ထီးတန်းဘက်လာရပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါကြောင့်သင်္ဘောရောက်လာ ကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲ ဘော်တွေက မစ်ရှင်ဖော်ဆောင်ဖို့ စောင့်နေခဲ့ကြတာ” ဟု ရန်ကုန်တိုင်း ပကဖတာ၀န်ခံက ပြောကြားသည်။

ရန်ကုန်တိုင်းပကဖသည် အဆိုပါ ဖောက်ခွဲမှုမစ်ရှင်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ စ၍ စနစ်တကျပြင်ဆင်ခဲ့ပြီး ဆီကန် ခုနစ် ကန်ရှိသည့်အနက် အငွေ့ကန်ကို မိုင်းကပ်နိုင်ရန် ပညာရှင်များနှင့် တိုင်ပင်၍ စနစ် တကျလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေယာဉ်နှစ်စီး ဒီဇယ်ပေးပို့နေစဉ် ရေမြုပ်ပတ်အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲရခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ကိုသန်းလွင် (၂၅) နှစ်၊ ကိုဝေယံထွန် (၁၉) နှစ် တို့သေဆုံးခဲ့ပြီး ကိုအေးမင်းထွေးနှင့် ကိုကျော်လင်းတို့နှစ်ဦး ပျောက်ဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းပကဖအနေဖြင့် အဆိုပါမစ်ရှင်ကိုလုပ် ဆောင်ရန် နှစ်ရက်ခန့် အချိန်ပေးခဲ့ရပြီး မစ်ရှင်လုပ် ဆောင်ပြီးနောက်တွင်လည်း ရဲဘော်များလုံခြုံစိတ်ချ ရသည့် နေရာရောက်မှ သတင်းထုတ်ပြန်မှုများပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုမစ်ရှင်ကြောင့် စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး လေယာဉ်ဆီပြတ်လပ်မှုဖြစ်သွားနိုင်၍ တော်လှန်ရေး အင်အားစုများ လုပ်စရာရှိသည်များကို အားစိုက်လုပ် ကိုင်ကြဖို့အရေးကြီးကြောင်း ရန်ကုန်တိုင်းပကဖက တိုက်တွန်းထားသည်။

အဆိုပါပေါက်ကွဲခဲ့သည့် ဆီတင်ရေယာဉ်သည် ဦးပိုင် ကုမ္ပဏီနှင့်ဖက်စပ်ကုမ္ပဏီဆိုင်ပိုင်သည့် လေယာဉ်ဆီ တင်ယာဉ်ဖြစ်ပြီး ဦးပိုင်မှလုပ်ပိုင်ခွင့်ရရှိထားသည့် အတွက် ထီးတန်းဆိပ်ကမ်းသို့ဆီချရန် ဆိုက်ကပ်လာ ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ရေယာဉ်ကို စစ်ကောင်စီဘက်မှ မီးငြိမ်းသတ်ယာဉ် ငါး စီး၊ အုပ်ချုပ်မှုယာဉ် တစ် စီး၊ ပြည်တွင်းရေကြောင်းမှ နတ်သားမီးသတ်ရေ ယာဉ် တစ် စီး၊ အပေါ့စားစက် ၁၀ လုံးနှင့် မီးသတ်တပ်ဖွဲ့ ၀င် ၈၀ ကျော်ဖြင့် မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင် အသုံးပြုမည့် လေယာဥ်ဆီ သယ်ဆောင်လာသည့် လေယာဥ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက အတည် ပြုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *