စစ်တပ်အာဏာသိမ်း​ပြီးနောက်ပိုင်း​ လေယာဥ်ပျက်ကျမှုများ

◉ ၂၀၂၁ ဇွန်လ ၁၁

ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်ဆင်းသက်စဥ် စစ်တပ်ရဲ့ Beechcraft 1900 အမျိုးအစားလေယာဉ်ပျက်ကျ။

ပျဉ်းမနား ဈေးကုန်းဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး။

◉ ၂၀၂၂ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအတွင်း A-5 တိုက်လေယာဉ်တစ်စီးပျက်ကျ။

စစ်တပ်လေယာဉ်မှူးတစ်ဦး သေဆုံး။

◉ ၂၀၂၂ မတ်လ ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး Mi-17 သယ်ယူပို့​ဆောင်​ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျ။

ငါးဦး ဒဏ်ရာရ။

◉ ၂၀၂၃ ဇွန်လ ၁၅

လယ်ဝေးမြို့နယ်၌ H120 လေးကျင့်ရေးရဟတ်ယာဉ်တစ်စီး ပျက်ကျ။

ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဦး သေဆုံး။

◉ ၂၀၂၄ ဇန်နဝါရီ ၂၃

စစ်ကောင်စီ​ရဲ့ Y-8 လေယာဉ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်မှာ ပြေးလမ်းချော် ပျက်စီး။

စစ်သား ၈ ဦး ဒဏ်ရာရ။

◉ ၂၀၂၄ ဖေဖော်ဝါရီလ ၂၉

မကွေးတိုင်း‌၊ စလင်းမြို့နယ်မှာ စစ်တပ်တိုက်ခိုက်ရေးလေယာဉ် MiG-29 ပျက်ကျမီး​လောင်။

လေယာဥ်မှူးနှစ်ဦး လေထီးဖြင့်ခုန်ချ လွတ်မြောက်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *