လှိုင်သာယာနှင့် အင်းစိန်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပြီး ၄ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ မတ်လ ၁ ရက် ညက ဗုံးလေးကြိမ်ပေါက်ခဲ့ပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်သာအရှေ့ပိုင်းမြို့နယ်၊ ၂ ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်မှာ မနေ့ ည ၇ နာရီခွဲက ဗုံးပေါက်ခဲ့ရာ စက်ဘီးလာတဲ့ အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“၁ ထိပ်မှတ်တိုင် မီးပွိုင့်နားမှာပေါက်တာ စက်ဘီးစီးလာတဲ့ ကောင်လေးနှစ်ယောက် ထိသွားတယ်။ ပွဲချင်းပြီးပဲ စစ်တပ်က လာတော့ အဲ့နားမှာ ဗုံးတလုံးထပ်တွေ့တယ်။ စစ်တပ်က စစ်ဆေးနေတဲ့အချိန် နောက်ဗုံးတလုံးပေါက်တယ်။ အထက ၃ ကျောင်းစက်မှုဇုန်ဘက်မှာ ပေါက်တာ။”

လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၇ ရပ်ကွက် စက်မှုဇုန် (၅) သံလွင်လမ်းနဲ့ ဒုတ္တဝတီလမ်းထောင့်မှာ ည ၇ နာရီ ၅၀ မှာ ဗုံးပေါက်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ် စဥ့်ကူရပ်ကွက်နဲ့ ကွက်သစ်ရပ်ကွက်မှာ မနေ့ ည ၈ နာရီက ဗုံး ၂ ကြိမ်ပေါက်ခဲ့ရာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“စဥ့်ကူရပ်ကွက်က ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံမှာ နှစ်ယောက်သေတယ်။ ရဲတွေက ဗုံးပေါက်တယ်လို့ သေတယ်ပဲပြောတာ။ နောက်တလုံးက ကွက်သစ်ရပ်ကွက်က အမက ၁၂ ကျောင်းရှေ့မှ ပေါက်တာ အမျိုးသမီးတဦးသေတယ်။”

သေဆုံးသူတွေဟာ ပေါက်ကွဲမှုဖြစ်တဲ့အချိန် အနီးမှာရှိခဲ့ပြီး ဗုံးသယ်ဆောင်လာသူ တွေဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောပေမဲ့ ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမဲ့ သေဆုံးသူ မရှိခဲ့ပါဘူး။

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်အတွင်း ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံး၊ ဗုံးသယ်ဆောင်လာသူများဟု စစ်တပ်က စွပ်စွဲ သတင်းဖော်ပြ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်အချိန်မှ ည ၉ နာရီအတွင်း ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၊အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ဗုံးများအသီးသီးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ညပိုင်း ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၃ ထိပ် ဗုံးပေါက်ကွဲမှုတွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

“ည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာ ၃ထိပ်မှာ ဗုံးပေါက်တာ။ လူ ၂ ယောက်သေနေတယ်။ စက်ဘီးအောက်မှာ တစ်ယောက်၊ လမ်းဘေးမြောင်းနားမှာ တစ်ယောက်က အူတွေပါပွင့်တယ်။ ၂ ဦးလုံးပွဲချင်းပြီး သေနေကြတာ” ဟု မျက်မြင်ဒေသပြည်သူက ရှင်းပြသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၄၄ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းကျောင်းဂိတ်တွင်လည်း ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ကားတစ်စီးမီးလောင်ခဲ့ကာ ကားပေါ်ပါ လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကားမီးလောင်သွားတာမှာ ကားထဲက လူ ၂ ဦးသေတယ်လို့ သိရပါတယ်။ မီးသတ်က မီးငြိမ်းပြီးမှ ကားထဲမှာ အလောင်းတွေ့တာ။ နောက်ပြီး ကားပေါ်မှာပဲ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလို့ သိရတယ်” ဟု အင်းစိန်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သော ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကမူ အင်းစိန်နှင့် လှိုင်သာယာ ဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူများမှာ ဗုံးသယ်ဆောင်လာသူများဖြစ်သည်ဟု စွပ်စွဲသတင်းဖော်ပြထားသော်လည်း ယင်းဖော်ပြချက်ကိုအတည်ပြုနိုင်ခြင်းမရှိပေ။

မြို့ပြ UG တယောက်ရဖို့ကမလွယ်ကူဘူး

ရန်သူနဲ့အနီးဆုံးမှာ အသက်နဲ့ဘဝရင်းပီးကိုယ်ယောင်ဖျောက်နေရတာ အခုတော့

လူမရှင်းလို့ ပစ္စည်းကို ဟိုရွေ့ဒီရွေ့လုပ်ရင်း

သူများကိုငဲ့ညှာလို့ ပါဝါဖွင့်ထားတော့

အချိန်ပြည့်ပီး ပေါက်ကွဲထိခိုက်ကုန်တာ

နောက်လူတွေအတွက် သင်ခန်းစာပဲ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *