သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားမှုကို မဘသဘုန်းကြီးများနှင့် အစွန်းရောက်အမျိုးသားရေးသမား များက အဓိကရုဏ်း ဖြစ်စေရေး လှုံ့ဆော်နေ

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း ဘုန်းကြီးကျောင်းအနီးမှာ သမီးရည်းစားချင်း ချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးရဲ့လည်ပင်းကို ဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက အသက် ၂၅ နှစ်အရွယ် မခြူးခက်နွယ်ဟာ အသက် ၂၀ အရွယ် ချစ်သူကောင်လေးနဲ့ ချိန်းတွေ့စဥ် ကောင်လေးက သူ့မှာအသင့်ပါလာတဲ့ဓားမြှောင်နဲ့ လည်ပင်းကို ထိုးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ဓားထိုးမှုဖြစ်ခဲ့တာက ကောင်မလေးအိမ်နဲ့ ၂ ဖာလုံခန့်အကွာ ရထားလမ်းနဲ့ နေအိမ်ကြားက နေရာတခုမှာပါ။

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

ကောင်လေးကိုတော့ သူ့အိမ်မှာ ရဲကဝင်ဖမ်းပြီး ဖြူးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မခြူးခက်နွယ်ရဲ့ အလောင်းကိုတော့ သူ့အိမ်မှာပဲထားရှိပြီး မတ်လ ၂ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြူးမြို့တွင် သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားမှုကို သုစိတ္တ ဦး ဆောင်သော မဘသဘုန်းကြီးများနှင့် အစွန်းရောက်အမျိုးသားရေးသမား များက အဓိကရုဏ်း ဖြစ်စေရေး လှုံ့ဆော်နေပြီး စစ်တပ်က ကူညီပေးနေ

ဖြူးမြို့မှ ပြည်သူများက မဘသများ၏ အဓိကရုဏ်း ဖန်တီးမှုကို မလိုလားဘဲ စိုးရိမ်နေပြီး ယနေ့ နာရေးကို မဘသများက မြို့လုံးကျွတ် လှည့်ကြမည်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် သမီးရည်းစား အဆင်မပြေ၍ လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုကို အခြေ တည်၍ သုစိတ္တ ဦးဆောင်သော မဘသ၊ အမျိုးသားရေးအစွန်းရောက်များက လူမျိုးရေးနှင့် ဘာသာရေး အဓိက ရုဏ်းဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း ဖြူးမြို့မှ ပြည်သူများကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း ဘုန်းကြီးကျောင်းအနီး သမီးရည်းစား ချိန်းတွေ့စဥ် အဆင်မပြေစကားများရာမှ အသက် ၂၅နှစ်အရွယ် မခြူးခက်နွယ်ကို ချစ်သူ ကောင်လေးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဓားဖြင့်ထိုးသူ တရားခံမှာ ဘာသာခြား လူငယ်တစ်ဦးဖြစ်သည်ဟုဆိုကာ သုစိတ္တ ဦးဆောင်သော မဘသ၊ အမျိုးသားရေး အစွန်းရောက်များက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်စေရေး လှုံ့ဆော်နေခြင်းဖြစ်ကြောင်း၊ မြို့မှ ပြည်သူအများစုက ယင်းသို့ အဓိကရုဏ်း ဖြစ်စေရန် လှုံ့ဆော်မှုများကို မလိုလားဘဲ စိုးရိမ်နေကြသဖြင့် ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

“ကောင်လေးနဲ့ ကောင်မလေး အဆင်မပြေဖြစ်ကြပြီး လူသတ်မှုဖြစ်တယ်။ အရင်တုန်းက ချစ်သူတွေ။ ကောင် မလေးက နောက်တစ်ယောက်ထားပြီး နိုင်ငံခြား သွားတော့မယ်ပြောတော့ ကောင်လေးက ဓားနဲ့ထိုးတာ။ ပွဲချင်းပြီးသေတယ်။ အဲဒါကို မဘသဘုန်းကြီးတွေနဲ့ ရန်ကုန်ကလာတဲ့ စစ်တပ်ထောက်ခံသူတွေ၊ အမျိုးသားရေး အစွန်းရောက်တွေက ဒီနေ့ မတ်လ ၂ ရက်နေ့ ကောင် မလေး အသုဘကို ဖြူးတစ်မြို့လုံးလှည့်လည်မယ်။ ဟောပြောပွဲ တွေလုပ်ဖို့ ပြင်နေကြတာ။ ကျနော်တို့ ဖြူးမြို့မှာ အားလုံးက ညီညီညွတ်ညွတ်နေကြတာ ဘာပြဿနာမှမရှိဘူး။ အခု ဖြစ်သွားတဲ့ကိစ္စကလည်း သမီးရည်းစား အဆင်မပြေဖြစ်ကြရာက ဖြစ်တာ။ ဘာလူမျိုးရေး ဘာသာရေးမှိုင်းမှ မရှိဘူး။ အဲဒါကို မဘသ ဘုန်းကြီးတွေက တစ်မြို့လုံးကို လိုက်လှုံ့ဆော်နေတာ။ အဲဒါကြောင့် တချို့ ကိုတော့ ရှောင်ခိုင်းထားပြီ။ ဒီနေ့ မဘသတွေ သောင်းကျန်းကြမယ်။ ဖြူးမြို့မှာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဖြူးမြို့တွင် ယနေ့ အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်၍ အသတ်ခံရသည့် အမျိုး သမီးငယ်၏ ရုပ်အလောင်းကို တစ်မြို့လုံး လှည့်လည်ရာတွင် စစ်တပ်ထောက်ခံသော ရန်ကုန်မှ အမျိုးသားရေး အစွန်းရောက်များစွာက ကားများဖြင့် ရောက်လာနေကြောင်း၊ နယ်ခံ မဘသအဖွဲ့များဖြစ်ကြသည့် ဖြူစင်စိတ်ထားသွေးလှူရှင်-အမျိုးဘာသာသာသနာအဖွဲ့၊ ပြည့်သူအကျိုးပြုလူငယ်အဖွဲ့၊ ဖြူး ၂၄လမ်း ပရဟိတ၊ ဝါဆိုဦးလူငယ်အဖွဲ့၊ ရွှေကျင်တောင်သံဃာအဖွဲ့တို့က မိန်းကလေးငယ်၏ အလောင်းကို ကားဖြင့် တင်၍ လှည့်လည်ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

“သာမန်မိန်းကလေးတစ်ယောက်နဲ့ယောကျ်ားလေးတစ်ယောက် ချစ်သူတွေအဆင်မပြေလို့ လူသတ်မှုဖြစ်တယ်။ ကောင်လေးက ဘာသာခြားဖြစ်တယ်ဆိုတာနဲ့ မဘသတွေ က မြို့နာအောင် အသုဘကိုလှည့်လည်ကြမယ်။ ဖျက်ဆီးတာတွေလည်း လုပ်ကြမယ်လို့ ပြောတယ်။ ရန်ကုန်၊ မန္တလေး မဘသဘုန်းကြီးတွေ အကုန်ရောက်နေတယ်။ အဓိကရုဏ်း ဖန်တီးပြီး တော်လှန်ရေး လမ်းလွဲအောင် လုပ်မယ့်ပုံမျိုးပဲ။ အသုဘကိုအသုံးချပြီး နိုင်ငံရေးနဲ့ရောယှက်တော့မယ့် အခြေအနေပါ” ဟု ဖြူးမြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နာရေးရှင်အိမ်သို့ ရောက်ရှိလာကြသော သုစိတ္တ ဦး ဆောင်သော မဘသဘုန်းကြီးများနှင့် နာရေးအတွက် မဘသအဖွဲ့များ၏ ပန်းခွေ ပန်းခြင်းများ။

သုစိတ္တတို့ မီးစရှို့တော့မယ်…မဘသနဲ့ဖက်ဆစ်ခွေးတွေ အဓိကရုဏ်ဖြစ်အောင်သွေးထိုးလှုံ့ဆောင်နေပြီမို့ ဂရုစိုက်ကြပါ။

ရည်စားနှစ်ယောက်ချိန်းတွေ့ရင်း ကောင်လေးက ကောင်မလေးကို ဓားနဲ့ထိုးသတ်ခဲ့တာ။ အဲ့ဒီကိစ္စမှာ ကောင်လေးက ဘာသာခြားဖြစ်လို့ဆိုပြီး မဘသကတုံးတွေ မီးမွှေးဖို့ ခြေရှုပ်နေတာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *