ကနီမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အလွန်ပြင်းထန်နေ၊ စစ်တိုက်လေယာဉ်များကလည်း ဗုံးကျဲနေ

ကနီမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အလွန်ပြင်းထန်နေ၊ စစ်တိုက်လေယာဉ်များကလည်း ဗုံးကျဲနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း ကနီမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုများက ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ကနီမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်း တပ်စွဲ စခန်းချထားသော စစ်ကောင်စီအထိုင်းစခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“ပစ်တဲ့အသံ တွေကတောဆူညံနေတာပဲ။ အခုထိပစ်နေကြတုန်း ။ ဘာတွေဖြစ်မလဲတော့မသိဘူး။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့လာပစ်တယ်။ ပထမက ဂျက်ဖိုက်တာနဲ့ တံတာဦးလေတပ်ကနေ လာတာ။ ဗုံးသီးတွေနဲ့ကျဲချတယ်။ ဒုတိယ Mi35 ရဟတ်ယာဉ်နဲ့ပစ်တယ်။ အဲဒီရဟတ်ယာဉ်ကတော့ အကြာကြီးကိုပတ်ပစ်တယ်” ဟု ကနီမြို့ မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်များက တပ်စွဲထားသော ကနီအထကစာသင်ကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် ကနီရွှေတိဂုံတောင်ပေါ်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများကို အဓိက ထားလုပ်ဆောင်နေကြောင်း၊ မြို့အတွင်းတွင် ပြည်သူများလည်း ပိတ်မိနေကြောင်း သိရှိရသည်။

ကနီမြို့တွင် တိုက်ပွဲပြင်းထန်​နေ

စစ်ကိုင်းတိုင်းကနီမြို့တွင် ယ​နေ့(မတ် ၂ရက်) နံနက်အ​စောပိုင်းမှစ၍ ညနေ ၄ နာရီအထိ တိုက်ပွဲပြင်းထန်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

“မြို့ထဲက စစ်ကောင်စီစခန်းတွေကို ဝင်တိုက်တာ။ ကိုယ့်ဘက်ကရဲဘော်တချို့ ထိတာရှိသလို မြေပြင်တိုက်ပွဲမှာ အသာစီးရထားပါတယ်။ စစ်တပ်ကတော့ လေကြောင်းကနေ အကြိမ် ၂၀ ကျော်လာပစ်တယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ကနီမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မည်ဟု ပြီးခဲ့သည့်ရက်အနည်းငယ်ကတည်းက သတင်းများထွက်ပေါ်နေခဲ့ပြီး ယနေ့ (မတ်လ ၂ရက်)နံနက်တွင် တိုက်ပွဲစတင်ခြင်းပွားခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲကြောင့် မြို့ခံများထွက်ပြေးတိမ်းရှောင်နေကြပြီး ပိတ်မိနေသူအချို့ရှိကြောင်း သတင်း​ဒေသခံအချို့ကသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်၌ အထိအခိုက်များပြားသလိုစစ်​ကောင်စီဝန်ထမ်း( Non CDM ဝန်ထမ်း)အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခေါ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အသေးစိတ်အတည်မပြုနိုင်သေးပေ။။

ကနီမြို့သည် မြို့ပေါ်ရပ်ကွက်သုံးခုရှိပြီး စစ်ကောင်စီတပ်က ထွေအုပ်ရုံး၊ ရဲစခန်း၊ ဆေးရုံ နှင့် တောင်ပေါ်စခန်း၌၌ အဓိကတပ်စွဲထားကြောင်းသိရသည်။

(ကနီမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *