မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်း၌ စစ်ဗိုလ် ၁ ဦးမွေးနေ့ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၅ ဦးသေဆုံး

မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်း၌ စစ်ဗိုလ် ၁ ဦးမွေးနေ့ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၅ ဦးသေဆုံး

မြောင်မြို့နယ်ရှိ PDF ကင်းစခန်း တိုက်ခိုက်ခံရမှု တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်း၌ စစ်ဗိုလ်တစ်ဦး မွေးနေ့ပွဲပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကပြောကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်မှ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တောပုပျူစခန်း၌ စစ်ဗိုလ်တစ်ဦး မွေးနေ့ပွဲ ပြုလုပ်နေစဉ် “Shar Htoo WAW”နည်းပညာ တိုက်ခိုက် ရေး Fixed Wings Droneများဖြင့် AIR BOMB ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးပွဲချင်းပြီးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာဖြင့် မုံရွာမြို့ဆေးရုံသို့ တင်ပို့ကုသနေသော အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးလည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။

“အပြင်းအထန် ဒဏ်ရာနဲ့ မုံရွာဆေးရုံကို ပို့ထားတဲ့ စစ်ခွေး ၂ ကောင်ထပ်မံသေဆုံးသွားတယ်၊ အဲဒီ တိုက်ခိုက်မှုမှာက စုစုပေါင်း ၅ ကောင်သေတာပေါ့၊ ဒရုန်းတစ်စီးက ပစ်ချခံရပြီး ပျက်ကျခဲ့တာ” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင် အ မှတ် ၇ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ CHAUK PDF ၊ MGN 35 ၊ Golden Eagle၊ Justice Warrior Forces နှင့် Shinning Stars တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး Fixed Wings Drone တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြောင်မြို့နယ်၊ မကျည်းကန်ရွာရှိ ပြည်သူ့ ကာကွယ်ရေး ကင်းစခန်းတစ်ခုကို အကြမ်းဖက်စစ် ကောင် စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး PDF ရဲဘော် ၃ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း စစ် ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကပြောကြားသည်။

ယမန်နေ့ မတ်လ ၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က မြောင်မြို့နယ်၊ မကျည်းကန်ရွာရှိ မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များစောင့်နေသော ကင်းစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် သားများက PDF တပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ မိုင်းကွင်းများနှင့် ရှေ့ကင်းစခန်းများကို ကျော်ဖြတ်ဝင်ရောက်လာပြီး ရဲဘော် ဒန်အိုး(ခ)နေဇော်အောင် ၊ ရဲဘော် ဗြေလုံး (ခ) ဇော်ရတနာပိုင် ထွေးနှင့် ရဲဘော် ကြွက်ဖြူ (ခ) တင်မျိုးအောင်တို့ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

“ရဲဘော်တွေရဲ့ ဈာပန ၃ ဦးလုံး မနေ့က ပြီးသွားပြီ၊ မိုင်းကွင်းတွေ ပတ်လာပြီး အတိအကျ လုပ်သွား တာ၊ ရွာသူရွာသားတွေကလည်း PDF တွေ ကင်းလှည့်သူခိုးဖမ်းကြတယ်ထင်နေကြတာ၊ အင်အား အရမ်းများလာမှ စစ်ခွေးတွေမှန်းသိကြတာ၊ နောက်ကင်း ကို တိုက်ရိုက်ဝင်စီးသွားတာ၊ ရွာသား ၁၀ ယောက်လောက်ကိုလည်းဖမ်းသွားတယ်၊ မနက်ကျတော့ ပြန်လွှတ်ပေးလိုက်တယ်၊ တစ်ယောက်ကို တော့ ညနေမှ ပြန်လွှတ်ပေးလိုက်တာ၊” ဟု စစ် ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကပြောကြားသည်။

တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ရဲဘော် ဒန်အိုး (ခ) နေဇော်အောင်၊ ရဲဘော် ဗြေလုံး(ခ) ဇော်ရတနာပိုင်ထွေး နှင့် ရဲဘော် ကြွက်ဖြူ (ခ)တင်မျိုးအောင် တို့၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MSPDF က ထုတ်ပြန်ထားသည်။

မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လုပ်ငန်းစဉ်များကို ကျန်ရှိနေသော ရဲဘော် များက ဆထက်တပိုး ပို၍ အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *